Extra 3

7.2K 721 141
                                    

Unicode

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.

Unicode

နွေးထွေးကြင်နာသည့်ရိပေါ်၏ ဂရုစိုက်ကာကွယ်ပေးမှုအောက်တွင် ရှောင်းကျန့်က အမြွှာသမီးလေးနှစ်ယောက်ကို အန္တရာယ်ကင်းစွာဖြင့် မွေးဖွားနိုင်ခဲ့သည်။ Bobo ကို မွေးတုန်းက ရှောင်းကျန့်တစ်ယောက်တည်း ဘယ်လိုထိန်းကျောင်းခဲ့လဲမသိပေမဲ့ ရိပေါ်ကတော့ ထိုသမီးကလေးနှစ်ယောက်နှင့် တစ်နေကုန် တစ်နေခမ်း အလုပ်များနေကာ အိပ်ရေးလည်းပျက်သဖြင့် မျက်ကွင်းများပင် ညိုနေရှာသည်။ သို့ပေမဲ့ တစ်ချက်ကလေးပင် မညည်းညူဘဲ လိုအပ်တာထက်ကို တက်ကြွနေခဲ့သည်။

လူ့လောကထဲကို ပထမဆုံးနှုတ်ဆက်ခွင့်ရသည့် သမီးကြီးကို ဝမ်ရှင်းရှင်းလို့ နာမည်ပေးပြီး ဒုတိယသမီးလေးကိုတော့ ဝမ်ယွမ်ယွမ်လို့ နာမည်ပေးခဲ့သည်။ ရှောင်းကျန့်က ရိပေါ်မှည့်ပေးသည့် သူ့သမီးလေးနာမည်များကြောင့် စိတ်တိုခဲ့ပေမဲ့ Bobo တုန်းက သူကိုယ်တိုင်နာမည်ပေးခဲ့သည်မို့ ဒီတစ်ခေါက် ရိပေါ်က သူပဲမှည့်ပေးမည်ဟုဆိုကာ တစ်လလုံးလုံး စဉ်းစားအချိန်ယူပြီးမှ ထိုနာမည်များကို ခက်ခက်ခဲခဲ မှည့်ပေးခဲ့လေသည်။

ပြီးတော့ လှလိုက်တဲ့ နာမည်လေး ဟုဆိုကာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံးတပြုံးပြုံးဖြင့် သမီးလေးများကို ဘယ်တစ်ဖက် ညာတစ်ဖက် ပွေ့ချီထားရင်း သီချင်းညည်းကာ အချိန်တိုင်းချော့သိပ်နေလေသည်။ အလုပ်ရှိနေလျှင်တောင်မှ သမီးများကို ခေါ်ခေါ်သွားတတ်တာကြောင့် ရှောင်းကျန့်က ခေါ်မသွားရန် မနည်းတားယူနေရသည်။

ထိုအချိန်တွင် Bobo ကတော့ နောက်တစ်နှစ်မှ သူ့ကိုလက်ခံပါမည်ဟုဆိုကာ လက်မခံဘဲညာသွားသည့် ထုထုလေးကို အားမလိုအားမရဖြစ်ပြီး မဆီမဆိုင် သူ့အဖေတွေအပေါ်ဒေါသပုံချကာ အမြဲဂျီကျနေခဲ့လေသည်။ သူ့ကိုလက်ခံပါမည်ဟု ထုထုလေးပြောခဲ့တုန်းက Bobo လေးမှာ အလယ်တန်းပထမနှစ် ဖြစ်ပြီး ထုထုလေးက အထက်တန်း တတိယနှစ်ဖြစ်သည်။ ထိုအချိန်က Bobo လေးမှာ ချစ်သူရည်းစားထားဖို့ရာ အလွန်ငယ်နေသေးသည်ဟု ရှောင်ထုထုကပြန်တွေးမိတာကြောင့် နောက်နှစ်နှစ်ထပ်ဆုတ်လိုက်သည်။

Him ❤️ (Yizhan)Unde poveștirile trăiesc. Descoperă acum