Unicode
"အင်း~ ဆိုတော့ အဲ့ဒီကောင်နဲ့ Joli က တစ်ဖွဲ့တည်းတွေလား!!?"
"..."
"သိပြီ! အဲ့ဒီကောင်ကို အိမ်တော်ဆီအရင်ခေါ်သွားပြီး သူသတိရလာတာနဲ့ ငါ့ကိုအကြောင်းကြား~"
"..."
ကားမောင်းရင်း ဖုန်းပြောနေတုန်း သူ့ပေါင်ကြားထဲလျှောဝင်လာသည့်လက်လေးကြောင့် ကြက်သီးထသွားရကာ ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်သည်။ ရှောင်းကျန့်မျက်နှာလေးက ပန်းရောင်သမ်းနေပြီး ဒီမတိုင်ခင် သူ့အဝတ်တွေဖြင့် လုံခြုံအောင် ရစ်ပတ်ထားပေးပေမဲ့ အကုန်ပြန်ဆွဲချွတ်ထားကာ ရွဲရိနေသည့် Shirt အဖြူလေးတစ်ထည်သာ ကျန်တော့သည်။
"ရိပေါ်~~~"
ရှောင်းကျန့်အသံက မတိုးလွန်းမကျယ်လွန်းဖြင့် ဆွဲဆောင်မှုရှိနေကာ သူ့ကိုကြည့်နေသည့် အကြည့်များကလည်း ရီဝေဝေနှင့်မို့ ကားမောင်းနေရင်းက အာရုံမများမိအောင် မနည်းသတိထားနေရသည်။
ဒါပေမဲ့ ပေါင်လယ်လောက်ကနေမှ တဖြည်းဖြည်းနယ်မြေကျူးကျော်လာသည့် လက်တွေကြောင့် ရိပေါ်မသာယာမိအောင် သတိထားရင်း ရှောင်းကျန့်လက်ကိုဆုပ်ကိုင်လိုက်ကာ~
"ယုန်ပေါက်ကလေး~ ကိုယ်ကားမောင်းနေတယ်လေ!"
"ဟင့်အင်း~ရိပေါ်~~~ ငါအရမ်းပူတယ်! ငါ့ကိုထိထားပေးလို့မရဘူးလားဟင်!!!?""
"ဟ...ဟလို~ သခင်လေး!!!!?"
ဖုန်းကို bluetooth နှင့်ချိတ်ထားပြီး Speaker ပါဖွင့်ထားတာကြောင့် တဘက်ကအသံထွက်လာတော့ ရိပေါ်အသိပြန်ဝင်သွားကာ~
"အင်..အင်း~ နောက်မှပြန်ဆက်လိုက်မယ်! သူ့ကိုထိဖို့ ကြိုးစားခဲ့တဲ့ အဲ့ဒီ...အာ့~"
BẠN ĐANG ĐỌC
Him ❤️ (Yizhan)
Lãng mạnUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...