Part 26

10.8K 1.1K 60
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

"ဒေါ်လေးရင်!!!!"

ခြံရှေ့မှာရပ်ထားသည့် ကားတွေကြောင့် ဒေါ်လေးရင်ကိုစိတ်ပူပြီး နာမည်အော်ခေါ်ရင်း အိမ်ထဲပြေးဝင်လိုက်သည်။ ဒေါ်လေးရင်က အနောက်တိုင်းဝတ်စုံ သားသားနားနားဝတ်ထားသည့် လူမိုက်မျက်နှာပေါက်နှင့်လူတွေကြားက ဧည့်ခန်းနေရာလေးမှာ ရို့ရို့လေးရပ်နေကာ ရှောင်းကျန့်ကိုမြင်တော့ မျက်နှာပျက်သွားသည်။

"သ..သခင်လေး~"

"ဒေါ်လေးဘာမှမဖြစ်ဘူးမို့လား!!?"

ဒေါ်လေးရင်ကခေါင်းခါပြလိုက်ရင်း တိုးတိုးလေးပြောသည်။

"သခင်လေးပြန်မလာသင့်ဘူး~"

တိုးညှင်းလွန်းတာကြောင့် ရှောင်းကျန့်မကြားလိုက်ပေမဲ့ ရိပေါ်ကကြားလိုက်သည်။

"Zexi ရောက်နေတာလား!!!?"

"အင်း~ သူသခင်လေးအခန်းထဲမှာထင်တယ်~"

ရိပေါ်ကဒေါသထွက်သွားကာ အပေါ်ထပ်တက်ဖို့ပြင်တော့ ရှောင်းကျန့်လှမ်းတားလိုက်သည်။

"ငါသူနဲ့စကားပြောလိုက်မယ် ရိပေါ်~"

"ဟင့်အင်း! မနက်တုန်းကလည်း မင်းဘေးမှာရှိနေရမှာကို ကိုယ်ရှိမနေနိုင်ခဲ့ဘူး! အခုတော့မရဘူး!!!"

"ရိပေါ်~~~"

ထိုအချိန် ရှောင်းကျန့်အိမ်ပြန်ရောက်တာကို သိသည့် Zexi ကလှေကားပေါ်ကနေ ရိပေါ်တို့ကိုငုံ့ကြည့်လိုက်ကာ~

"ဝါး~ မင်းအစ်ကိုမရှိတော့ လမ်းဘေးကခွေးစုတ်လေးကိုတောင် ချက်ချင်းအိမ်ပေါ်ခေါ်တင်လာပြီလား!!!?"

"မင်း!!!"

"ရိပေါ်!!!"

​Zexi လူတွေက သူတို့တစ်အိမ်လုံးကို ဝန်းရံထားတာကြောင့် ရိပေါ်ဒဏ်ရာထပ်ရမှာကို သူမမြင်ချင်~ ထို့ကြောင့် ရိပေါ်ကိုသူ့အနောက်ပို့လိုက်ရင်း ရိပေါ်ကိုရန်မဖြစ်စေချင်သည့်သဘောမျိုးဖြင့် ခေါင်းခါပြလိုက်သည်။

Him ❤️ (Yizhan)Where stories live. Discover now