Part 39 🙈

16.1K 1.3K 76
                                    

Unicode

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

Unicode

"ရိပေါ်~ ငါမင်းကိုစောင့်နေတာ! ငါဒီမှာ ဒီဇိုင်းအသစ်တွေဆွဲထားတယ်! မင်းကြည့်ဦးမလား!?"

အခန်းတံခါးဖွင့်သံကြားသည်နှင့် စာရွက်လေးကိုင်ကာ သူ့ဆီပြေးလာသည့်ရှောင်းကျန့်ကို ရိပေါ်ပြုံးပြလိုက်ပြီး~

"ကိုယ်ညစ်ပတ်နေလို့ ရေအရင်ချိုးမယ်နော်! ပြီးမှ ကြည့်ပေးမယ်~"

"မင်းနေမကောင်းဘူးလား ရိပေါ်!? မျက်နှာနွမ်းနေတယ်~"

သူ့နဖူးပြင်ကို ခြေဖျားလေးထောက်ပြီး စမ်းနေသည့် ရှောင်းကျန့်ကို ရိပေါ်ကြည့်နေရင်းက ရင်ထဲမွန်းကြပ်လာတာကြောင့် တင်းကျပ်စွာ ဆွဲဖက်ထားလိုက်သည်။

"မင်းအဆင်ပြေရဲ့လား!? တစ်ခုခုဖြစ်နေလို့လားဟင်!?"

"ကိုယ်ပင်ပန်းနေလို့ပါ~"

"အော်~ ခုနကသေနတ်သံတွေကြားလိုက်တယ်~လေ့ကျင့်ရေးတွေထပ်ဆင်းရလို့လား!!?"

"အင်း~"

ဒီနေရာမှာ သေနတ်သံဆူညံတာတွေက မထူးခြားတော့တာမို့ ရှောင်းကျန့်က သူ့ကိုပြန်ဖက်ထားပြီး ကျောလေးပုတ်ပေးရှာသည်။

"ငါတို့ခွေးပေါက်လေးက တစ်နေကုန်လှုပ်ရှားထားရတာဆိုတော့ ပင်ပန်းနေရှာပြီပေါ့! မင်းကိုဆုချပေးရမလားဟင်!?"

"ကိုယ်ညစ်ပတ်နေတယ်~"

"ညစ်ပတ်လည်းဘာမှမဖြစ်ဘူး~ ငါကြိုက်နေရင်ပြီးရော~"

ရှောင်းကျန့်က ရိပေါ်မျက်နှာကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ရင်း နှုတ်ခမ်းကိုနမ်းတော့ ရိပေါ်ယဲ့ယဲ့လေးပြုံးလိုက်ကာ~

"ကိုယ်ဘယ်လိုနေနေသဘောကျတယ်လား!?"

"အင်း~ သဘောကျတယ်!"

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora