Unicode
"ရိပေါ်~ ပုဇွန်ကိုဘယ်လိုစားနေတာတုန်း! သေချာခွာပြီးစားလေ!"
ရှောင်းကျန့်လက်ကလေးကို ဆုပ်ကိုင်ရမှာမို့ လက်မပေချင်သည့် ရိပေါ်က ပုဇွန်တစ်ကောင်လုံးကို ပါးစပ်ထဲအလွယ်သွပ်လိုက်ကာ အချိုတွေအသားတွေ ဝါးစားပြီးမှ အခွံကိုထွေးထုတ်သည်။ အခွံတွေခိုးလုခိုးနှင့် စားရတာအရသာသိပ်မရှိလှပေမဲ့ ရိပေါ်ကထိုအတိုင်းပင်စားသည်။ ဝိုင်တစ်ခွက်နှင့် steak တစ်ပန်းကန်နှင့် ရိုဆန်စွာစားချင်ပေမဲ့ ရှောင်းကျန့်ကပင်လယ်စာစားချင်သည်ဆို၍ ချစ်သူစိတ်တိုင်းကျ လိုက်စားပေးနေခြင်းပင်~ ဒါပေမဲ့ အရေးကြီးတာဆုပ်ကိုင်ထားဖို့အတွက် လက်တော့မပေချင်~
"ဟင့်အင်း~လက်မပေချင်ဘူး~"
ရှောင်းကျန့်က လေပူတွေကို ဟွန်းခနဲ့မှုတ်ထုတ်လိုက်ရင်း ရိပေါ်ပန်းကန်ကိုလှမ်းယူကာ ခက်ရင်းသုံးပြီး အသေအချာနွာပေးသည်။
"လက်ပေစရာမလိုဘူးလေ~ ဝမ်သခင်လေးရဲ့! တစ်ဖက်က ဟောဒီလိုဖိထားပြီး ခက်ရင်းနဲ့ကျန်တဲ့တစ်ဖက်ကို ဟောဒီလိုဆွဲချွတ်လိုက်ရင်ရပြီလေ~ အဲ့လောက်လွယ်တာ~ ပြီးတော့လက်အိတ်လည်းရှိနေတာကြီးကို~"
နှုတ်ခမ်းတစ်ချွန်ချွန်ဖြင့် ခေါင်းလေးငုံ့ကာ သေချာလုပ်ပြနေသည့် ရှောင်းကျန့်ကို ရိပေါ်ကအသည်းယားစွာ လှမ်းဖက်လိုက်ရင်း~
"ဟင့်အင်း~မလုပ်တတ်ဘူး! မင်းပဲလုပ်ပေး~ ဒါမှအသားကပိုချိုပြီးအရသာရှိမှာ~"
"ဒါဆိုလည်း ငါလုပ်နေတုန်း သေချာထိုင်ပြီးစောင့်နေလေ~ ငါ့ကိုလာမှီမနေနဲ့! ပူတယ်~"
"မင်းအေးအောင်လုပ်ပေးမယ်~"
ရိပေါ်က ရှောင်းကျန့်ပခုံးပေါ် မှေးထောက်ရင်း ပါးလေးဖောင်းကာ တဖူးဖူးမှုတ်ပေးသည်။ ရိပေါ်မှုတ်ထုတ်လိုက်သည့်လေတွေက သူ့လည်ပင်းကို လာလာထိနေသည်မို့ ရှောင်းကျန့်ယားသွားကာ ပခုံးလေးလှုပ်ရင်း သုတ်မလို့ပြင်သည်။ ဒါပေမဲ့ရိပေါ်ကမှေးတင်ထားတာကြောင့် လှုပ်လို့မရဘဲရှိနေသည်မို့~
VOUS LISEZ
Him ❤️ (Yizhan)
Roman d'amourUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...