![]()
Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image. Unicode
"Bobo ကော!!!?"
"သ..သခင်လေး~ သခင်လေး Bobo ကို ဘယ်မှာမှရှာမတွေ့ခဲ့ဘူး!"
"ဘာ!!!?"
"မျက်ခြေမပျက်အောင် ကျွန်တော်အပြင်လိုက်ထွက်သွားပေမဲ့ အဲ့နားရောက်တော့ သခင်လေးကိုမတွေ့တော့ဘူး!"
ရှောင်းကျန့်စိတ်ပူစွာစောင့်နေမည်ကို ရိပေါ်သတိရ၍ အချိန်ခဏပေးကာ ဖုန်းဆက်အသိပေးနေတုန်း Bobo က ပြေးထွက်သွားခဲ့သည်မို့ ယွဲ့ယန်ကို စောင့်ကြည့်ဖို့ အရင်လွှတ်လိုက်သည်။ ဒါပေမဲ့ ဖုန်းဆက်ပြီးသွားတော့လည်း ယွဲ့ယန်သာပြန်ရောက်လာပြီး Bobo ပျောက်သွားသည်မို့ ရိပေါ်စိုးရိမ်သွားကာ~
"ကားနားတစ်ဝိုက်မှာ ရှာကြည့်ပြီးပြီလား!?"
"ဟုတ်ကဲ့! ရှာကြည့်ပြီးပြီ! မတွေ့သေးဘူး! ကျွန်တော့်ကောင်တွေတော့ ဒီအနီးအနားမှာ ဆက်ရှာနေတုန်းပဲ!"
ဂိုဏ်းခေါင်းဆောင်နေရာကို ဆက်ခံပြီးကတည်းက အာဏာရဖို့ အင်အားကြီးဖို့ ဂိုဏ်းသေးသေးလေးတွေက သူ့ကို ပုန်ကုန်ဖို့ကြိုးစားကာ ချောင်းမြောင်းလုပ်ကြံဖို့ပင် အကြိမ်ကြိမ်ကြိုးစားခဲ့သည်မို့ Bobo လေးကို သူတို့ဖမ်းဆီးသွားခြင်းဖြစ်မည်ဟု ရိပေါ်တွေးလိုက်သည်။ ထို့ကြောင့် စိုးရိမ်စိတ်မှာ တဖြည်းဖြည်းမြှင့်တက်လာပြီး~
"ကျောင်းလုံခြုံရေးဆီသွားပြီး အဲ့နားတစ်ဝိုက်က CCTV ကိုစစ်ခဲ့~ ယွဲ့ယန်! ငါကားထဲက Black box ကိုစစ်ကြည့်လိုက်မယ်!"
"ဟုတ်ကဲ့!!!"
ရိပေါ်ကားဆီပြေးသွားပြီး ကားမှန်နားမှာ တပ်ထားသည့် Black box ကိုစစ်ကြည့်လိုက်တော့ Bobo ကို ကားအနက်ရောင်တစ်စီးက လူများက ပွေ့ချီခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။
![](https://img.wattpad.com/cover/227171001-288-k40634.jpg)
VOUS LISEZ
Him ❤️ (Yizhan)
Roman d'amourUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...