Part 66

9.3K 981 52
                                    

(အေးလေ~ တျဲတျဲက သူ့ဝိတ်မှအားမနာ! အခုတော့ Bobo လေးကောက်သွားရှာပြီ 🤣🤣)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(အေးလေ~ တျဲတျဲက သူ့ဝိတ်မှအားမနာ! အခုတော့ Bobo လေးကောက်သွားရှာပြီ 🤣🤣)


❤️❤️❤️

Unicode

"ဖောင်း!!!!"

"ရိပေါ်ဘယ်ကိုသွားတာလဲ!!!?"

"သ..သခင်လေး!!?"

"ရိပေါ် ဘယ်သွားတာလဲလို့မေးနေတယ်!!!!"

ရှောင်းကျန့်က သူ့အရပ်ကလေးနှင့် ကိုယ်လုံးကြီးပြီး အရပ်ရှည်သည့်ယွဲ့ယန်ကို အရှေ့ကနေပိတ်ရပ်လိုက်ကာ လက်နှစ်ဖက်ကိုလည်း အသံမြည်အောင် အားပြင်းပြင်းဖြင့် ဘေးတစ်ဖက်တစ်ချက်စီကို လက်ထောက်လိုက်သည်။ ယွဲ့ယန်က ရှောင်းကျန့်နှင့်ထိမိသွားမည်ကို လွန်စွာမှစိုးရိမ်နေသည့်အလား အသက်အောင့်ရင်း နံရံနှင့်တသားတည်းဖြစ်အောင် ကိုယ်ကိုကျုံ့ထားလိုက်သည်။

အခုပုံစံမှာ ယုန်ပေါက်ကလေးတစ်ကောင်က သူ့ထက်အင်အားကြီးသည့်ကျားတစ်ကောင်ကို အနိုင်ကျင့်ခြိမ်းခြောက်ဖို့ကြိုးစားနေတာနှင့်ပင် တူသေးသည်။ ပိုပြီးရယ်စရာကောင်းနေသည်မှာ ထိုကျားရဲ့ခန္ဓာကိုယ်က တလှုပ်လှုပ်ဖြင့် ထိုယုန်ပေါက်ကလေး​ကို အမှန်တကယ်ကြောက်နေခြင်းပင်~

"ကျွန်..ကျွန်တော်မသိ..."

"သူ့ရဲ့နောက်လိုက်လုပ်နေပြီး မင်းကမသိဘူးတဲ့လား!? အဲ့ဒါက အဓိပ္ပာယ်ရှိနေတယ်လို့ မင်းထင်နေသလား!!!?

ရှောင်းကျန့်ကအော်ရင်း နံရံကိုဖြန်းခနဲ့ရိုက်ချလိုက်ပြန်သည်မို့ ယွဲ့ယန်ကယောင်ပြီး သူ့ရဲ့ဦးခေါင်းကိုအလျင်အမြန်ကာကွယ်လိုက်သည်။

Him ❤️ (Yizhan)Where stories live. Discover now