Part 60

10.4K 1K 81
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

ယွီပင်းက ဆိုဖာမှာအခန့်သားထိုင်ရင်း ဖုန်းကလိနေတုန်း ရိပေါ်ဝင်လာတာမြင်တော့ ဖုန်းကိုပိတ်ချလိုက်ကာ ရိပေါ်လှုပ်ရှားမှုမှန်သမျှကို သေချာစွာလိုက်ကြည့်သည်။

"ငါဖုန်းဆက်တာ ဘာလို့မကိုင်တာလဲ~ ရိပေါ်!?"

"ဆော်ရီး~ အိမ်မှာကိစ္စလေးတွေရှိလို့! အထွေအထူးရှိလို့လား!?"

"ရှောင်ဝေငါ့ဆီဖုန်းဆက်တယ်! မင်းဘယ်မှာလဲတဲ့!"

ရိပေါ်ကဘာမှမပြောဘဲပြုံးရင်း သူ့အလုပ်စားပွဲမှာ ဝင်ထိုင်လိုက်သည်ကိုတွေ့တော့ ယွီပင်းအံ့ဩသွားသည်။ ဒါပေမဲ့ ခဏအကြာမှာပင် မထူးဆန်းသလို ပခုံးတွန့်လိုက်ကာ~

"သူမင်းကိုရှာမယ်ဆိုတာ မင်းသိတယ်ပေါ့!? အင်းလေ~ သူက သူ့ Boss ကိုလုံးဝသစ္စာဖောက်မှာမဟုတ်ဘူးဆိုပေမဲ့လည်း သူ့ Boss ဝယ်ပေးသလို ဝယ်ပေးနိုင်တဲ့ အသက်ငယ်ငယ်သန်မာတဲ့လူကိုတော့ လက်မလွှတ်ချင်ဘူးထင်တယ်! ငါနားလည်ပေးနိုင်ပါတယ်!"

"အဲ့ဒါထက် ငါဘယ်မှာရှိနေလဲဆိုတာ မင်းပြောလိုက်သေးလား!?"

"ငါကအရူးမို့လို့ပြောရမှာလား!? Target က သူ့ Boss ဆိုပေမဲ့ ရှောင်ဝေကလည်း အဆိပ်ရှိတဲ့ကောင်ပဲလေ!"

ရှောင်ဝေက ဘားထဲက တခြားယောကျာ်းပြည့်တန်ဆာတွေနှင့်မတူဘဲ ပုံမှန်ဆိုလျှင် သူ့ Boss ဖြစ်သည့် ထိုလူတစ်ယောက်တည်းကိုသာ ပြုစုရသည်။ ယောကျ်ားလေးဆိုပေမဲ့လည်း လှတပတလေးမို့ မာနကြီးကာ တော်ရုံလူအကပ်မခံပေ! ဘိန်းဘုရင်ဖြစ်သည့် သူ့ Boss အကြောင်းကို အသေးစိတ်သိချင်လို့ ယွီပင်းကော ယွဲ့ယန်တို့ကော လိုက်စုံစမ်းပေမဲ့ လျှို့ဝှက်လွန်းတာကြောင့် သတင်းလေးတစ်ခုပင် စုံစမ်းမရခဲ့ပါ!

Him ❤️ (Yizhan)Where stories live. Discover now