Part 45

8.2K 924 62
                                    

Unicode

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

Unicode

ရှောင်းကျန့်ရေချိုးပြီးသွားတော့ အိမ်မကြီးထဲမှာရှိသည့် ဝမ်ရိုဟန်ရဲ့ရုပ်ရှင်ရုံအသေးစားလေးဆီ ခပ်အေးအေးပင် လျှောက်လာခဲ့သည်။ အခန်းထဲကိုဝင်ရင်း ရိပေါ်ထိုင်စောင့်နေသည့်ဆိုဖာအနားကို တိုးကပ်သွားတော့ ဖုန်းပြောနေသည့်ရိပေါ်က ဖုန်းပြောခြင်းကိုမြန်မြန်လက်စသတ်လိုက်ကာ သူ့ကိုလက်ယက်ခေါ်သည်။

ရှောင်းကျန့်က သူ့ကိုပွေ့ချီခေါ်ပေးရန် လက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည်။ သူ့အမူအရာကိုမြင်တော့ ရိပေါ်ပြုံးလိုက်ပြီး ကလေးများလိုပွေ့ချီကာ ရင်ခွင်ထဲဆွဲသိပ်သည်။ တင်းကြပ်စွာပွေ့ဖက်ပြီးသည့်နောက် ဝင်းမွတ်နေသည့်ပါးပြင်လေးကို အမြတ်တနိုးငုံ့နမ်းလိုက်သည်။

ခါတိုင်းအသည်းယာစွာဖြင့် သူနမ်းလျှင် ခိုးခိုးခစ်ခစ်ရယ်နေတတ်သည့် ရှောင်းကျန့်က ယနေ့မှာတိတ်ဆိတ်လွန်းနေသည်မို့~

"ဘာတွေအလိုမကျဖြစ်နေတာလဲ!? ယုန်ပေါက်ကလေး~"

"..."

"ဟင်!? မင်းတစ်ယောက်တည်းကျောင်းသွားခဲ့ရလို့ ကိုယ့်ကိုစိတ်ဆိုးနေတာလား!? ကိုယ်တကယ်တောင်းပန်ပါတယ်! အလုပ်က မသွားမဖြစ် ရုတ်တရက်အရေးကြီးလာလို့ပါ~"

"ဆိုတော့ အလုပ်ကငါ့ထက်အရေးကြီးတယ်ပေါ့!?"

"မဟုတ်ပါဘူး~ မင်းကသာအရေးကြီးတာပါ~ နောက်ဆိုကိုယ်ဆင်ခြင်ပါ့မယ်~ ဟုတ်ပြီလား!?"

"..."

"ယုန်ပေါက်ကလေး!?"

"ထားပါ~ငါမင်းကိုစိတ်ဆိုးနေတာမဟုတ်ပါဘူး~"

"စိတ်ဆိုးနေတာမဟုတ်ရင် ဘာလို့ကိုယ့်ကိုစကားမပြောတာလဲ!?"

Him ❤️ (Yizhan)Tempat cerita menjadi hidup. Temukan sekarang