Unicode
"ဒီတော့ ဝမ်သခင်လေးဘက်က (တကယ်တော့သူလည်း ဥက္ကဌပါပဲ~ အရင်အပိုင်းမှာပါပါတယ်! ဒါပေမဲ့ ဝမ်သခင်လေးလို့ပဲခေါ်ကြတာမို့ပါ) ရှောင်းကျန့်ကို ကိုင်တွယ်ခိုင်းပြီး ဥက္ကဌ Zexi က ရှောင်းဟိုင်ခွမ်းကိုတာဝန်ယူခိုင်းမယ်ပေါ့!!!?"
"အင်း~ ဒါကခင်ဗျားတို့ဘက်က အကုန်သဘောတူပြီး အသစ်တင်သွင်းလာတာဆိုပေမဲ့ ဒီဟာကတော့ ကျွန်တော့ဘက်က ပြင်ဆင်လာတဲ့ project တစ်ခုပါ~"
ရိပေါ်ကမ်းပေးလာသည့် ဖိုင်ကိုဖွင့်ကြည့်ပြီး ဒါရိုက်တာမြောင်က ရယ်လိုက်ကာ~
"ဝမ်သခင်လေးက အလုပ်ထဲလာပြီး နောက်နေသလိုခံစားရတယ်ဗျာ! Project တစ်ခုထဲပဲလုပ်ဖို့ကို အစကတည်းကစီစဉ်လာခဲ့ပြီးသားပါ~ လုပ်ငန်းနှစ်ခုပြိုင်တူစရလောက်အောင်ကလည်း အရင်းအနှီးကလုံလုံလောက်လောက်မရှိပါဘူး! Company နှစ်ခုက ဘယ်လိုပဲပေါင်းစည်းခဲ့ပေါင်းစည်းခဲ့ စျေးကွက်ကိုထိုးဖောက်နိုင်ဖို့ target ကတစ်ခုထဲလေဗျာ~"
"Target တစ်ခုထဲဆိုပေမဲ့ project နှစ်ခုလုပ်ပြီး အမြတ်ရနိုင်စွမ်းကိုမြှင့်တင်တာက Company အတွက် ပိုမကောင်းဘူးလား ဒါရိုက်တာမြောင်!? အရင်းအနှီးကို စိတ်ပူနေတယ်ဆိုရင်တော့ ခင်ဗျားအိတ်ထဲကနေ စိုက်ထုတ်ရမှာမဟုတ်လို့ ပူစရာမလိုပါဘူး~"
"ဘာကိုဆိုလိုတာလဲ!!!?"
ဒီအကြောင်းတွေအထိ ရိပေါ်ကမပြောပြထားတာကြောင့် ရှောင်းကျန့်ကပါ ရိပေါ်ကိုလှည့်ကြည့်ကာ နားစွင့်ထားလိုက်သည်။ ရိပေါ်က ရှောင်းကျန့်ကိုပြုံးကြည့်ရင်းဖြင့်ပင်~
"ရှောင်းကျန့်ဦးဆောင်ပေးမဲ့ project အသစ်နဲ့ပတ်သက်ပြီး ရင်းနှီးမှုမှန်သမျှကို ကျွန်တော်တစ်ယောက်တည်းကပဲ သီးသန့်မြှုပ်နှံပေးမှာပါ~ တခြားဘယ်သူ့အကူအညီမှမလိုပါဘူး! ဒါပေမဲ့ ကျွန်တော်လိုအပ်တာက လူအင်အားနဲ့ မြို့ပြင်က စက်ရုံတစ်ခုပါ~ ဒါကြောင့် Company ဘက်က ဒါကိုထောက်ခံခွင့်ပြုပေးတယ်ဆိုရင် နောင်ရလာမဲ့ အမြတ်အားလုံးရဲ့ တစ်ဝက်တိတိကို Company ကိုပေးသွားမှာပါ~"
ВЫ ЧИТАЕТЕ
Him ❤️ (Yizhan)
Любовные романыUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...