Part 58

10.9K 1.1K 177
                                    


Unicode

"ရိပေါ်~"

"..."

"ရိပေါ်~"

"ဟင်..ဟင်!!?"

"ထတော့လေ! ငါတို့ ကစားကွင်းသွားဦးမှာမို့လား!!!? Bobo စောင့်နေတယ်လေ~"

သူ့စောင်ကိုအသာဖယ်ရင်း ခေါင်းလေးငဲ့ကာ ညင်သာစွာနိုးနေသည့် ရှောင်းကျန့်ကိုမြင်တော့ ရိပေါ်အိပ်မက်မက်နေသည်ဟု ခံစားလိုက်ရသည်။ သူ့ကိုစိတ်နာကာ ထွက်ပြေးသွားခဲ့သည့် ကောင်ကလေးက မနက်ခင်းထဖို့ လာနိုးမည်မထင်တာကြောင့် လက်ကိုဆန့်ထုတ်လိုက်ပြီး ဝင်းမွတ်နေသည့် ပါးပြင်လေးကို ညင်သာစွာပွတ်သပ်ကာ ငေးကြည့်လိုက်သည်။

"ကိုယ့်ရဲ့ကလေးလေး~"

"..."

"မင်းကိုချစ်တယ်~"

မျက်လုံးလေးဝိုင်းကာ အံ့ဩသွားပုံရသည့် ရှောင်းကျန့်ကြောင့် ရိပေါ်တိုးတိုးလေးရယ်လိုက်သည်။

"ကိုယ့်ရဲ့ကလေးလေးက အိပ်မက်ထဲမှာတောင် ရှက်တတ်တုန်းပဲ! ကြည့်ပါဦး! ပါးလေးကိုရဲလို့~"

ရိပေါ်အပြောကြောင့် ရှောင်းကျန့်ပြုံးလိုက်ကာ သူ့ညာဘက်ပါးပြင်ပေါ်က နွေးထွေးနူးညံ့သည့် လက်ဖဝါးပြင်ကျယ်ကြီးကို လက်နှင့်ဆုပ်ကိုင်ရင်း တစ်ချက်လှည့်နမ်းလိုက်သည်။

"ထတော့~ ရိပေါ်! ခဏနေ Bobo တွေ့သွားရင် ဂျီတိုက်နေဦးမယ်~"

"တကယ်ပဲ...မင်းလား!? ကိုယ်အိပ်မက်မက်နေတာမဟုတ်ဘူးလား!!?"

ရှောင်းကျန့်ကရိပေါ်နားရွက်ကို ငုံ့ကိုက်လိုက်သည်။

"အာ့!"

"အိပ်မက်ဖြစ်နေတုန်းပဲလား!!?"

"အင်း~ ဒီနေရာကိုနမ်း! နမ်းရင် အိပ်မက်မဟုတ်ဘူးဆိုတာ ကိုယ်ယုံလိုက်မယ်လေ~"

ရိပေါ်က သူ့နှုတ်ခမ်းကိုလက်ညိုးထိုးပြတော့ ရှောင်းကျန့်ပြုံးကာ ညင်သာစွာ ငုံ့နမ်းလိုက်သည်။ ဒါပေမဲ့ ရိပေါ်ကထခွင့်ပြန်မပေးတော့ဘဲ သူ့ခေါင်းကိုဖိကိုင်လိုက်ပြီး ရှောင်းကျန့်နှုတ်ခမ်းတွေကို စွဲမက်စွာ စုပ်ယူနမ်းရှိုက်လိုက်သည်။ ထို့နောက်ပါးပြင်လေးကိုပါ နမ်းရှိုက်လိုက်ပြီး~

Him ❤️ (Yizhan)Onde histórias criam vida. Descubra agora