Unicode
အိပ်နေရင်းမှ တစ်ယောက်ယောက်သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားနေရသည်။ ရိပေါ်မျက်ခုံးကိုကျုံ့လိုက်ပေမဲ့ ထိုစူးရှရှအကြည့်တွေအောက်ကနေ မလွှတ်တာကြောင့် မျက်လုံးအသာဖွင့်ကြည့်လိုက်တော့ သူ့ကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေပါသော မျက်ဆံနက်နက်နှင့် ယုန်ပေါက်ကလေး~
ရှောင်းကျန့်အကြည့်တွေကို သူမခွဲခြားတတ်ပေမဲ့ လှပလွန်းသည့်မျက်ဝန်းတစ်စုံကြောင့် မနေနိုင်လွန်း၍ ပါးအိအိလေးကို လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး ထိုမျက်ခုံး~ မျက်လုံးလေးတွေကို အမြတ်တနိုးနမ်းလိုက်သည်။"နိုးပြီလား!?"
ခပ်တိုးတိုးလေးမေးလိုက်ပေမဲ့ မနေ့ညကသောင်းကျန်းထားသည့် အရှိန်ကြောင့် သူ့လည်ချောင်းတွေခြောက်သွေ့နေသည်မို့ အသံကခပ်ဩဩလေးထွက်လာသည်။ သွေးအနည်းငယ်စ်ို့နေသည့် နှုတ်ခမ်းကို အသာငုံ့နမ်းလိုက်ပြန်တော့ မျက်တောင်စင်းစင်းလေးတွေ ဝန်းရံထားသည့် မျက်လုံးလေးက မှိတ်ကျသွားသည်။
"ချစ်တယ်~~~"
"..."
"အရမ်းချစ်တယ်~~~"
YOU ARE READING
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...