"ငါတို့လမ်းခွဲရအောင်~~~"
ရိပေါ်မျက်နှာပျက်သွားပြီးမှ ဘာမှမဟုတ်သလို ရယ်ချလိုက်ကာ~
"မင်းကိုယ့်ကို လာနောက်နေတာလား? ယုန်ပေါက်ကလေး? ဘာလဲ!? ကိုယ်ကြာလို့ စိတ်ဆိုးနေတာလား!!? ကိုယ်မှားပါတယ်~ တောင်းပန်ပါတယ်~ စိတ်မဆိုးနဲ့နော်~ဟုတ်ပြီလား!?"
ရှောင်းကျန့်က ရိပေါ်နမ်းတာကို ရှောင်ဖယ်ရင်း~
"မင်းကဘာမှားနေလို့တောင်းပန်ရမှာလဲ!? ငါကသာတောင်းပန်ရမှာ~ ဒါ..ဒါကြောင့် လမ်းခွဲရအောင်~"
ရှောင်းကျန့်က ရိပေါ်ကိုမကြည့်ရဲသလို အကြည့်လွှဲနေတာကြောင့် ရိပေါ်ကသူ့မျက်နှာကို လက်ဖြင့်ဆွဲယူလိုက်ကာ~
"ကိုယ့်ကိုသေချာကြည့်ပြီးမှပြော~ ဘာကြောင့်လဲ!? ဘာအတွက်လဲဆိုတာ ကိုယ့်ကိုသေချာကြည့်ပြီးပြော ရှောင်းကျန့်!!!"
ရှောင်းကျန့်က မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လှုပ်ရင်း စိတ်ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ရိပေါ်ကိုစိုက်ကြည့်လိုက်သည်။ သူကရိပေါ်လောက်မသန်မာရင်တောင်မှ အမြဲ ပျော့ညံ့နေတာမှမဟုတ်တာဘဲ~
"ဘာဖြစ်ရမှာလဲ!? ငါမင်းကိုကစားလို့ဝသွားလို့ပေါ့! သူများတွေပြောသလို မင်းကိုအမှိုက်တစ်ခုလို စွန့်ပစ်ဖို့အချိန်တန်လာလို့ပေါ့!"
"ရှောင်းကျန့်!!!!!"
"ဘာလဲ!? မမျှော်လင့်ထားဘူးမှတ်လား!? ငါကအဲ့လိုကောင်မျိုးပဲ~ ငါ့မိဘကော ငါကောက အဲ့လိုမကောင်းတဲ့ သွေးတွေ~ ဗီဇတွေနဲ့ ရှင်သန်လာခဲ့တဲ့သူတွေပဲ~ အဲ့ဒါထူးဆန်းနေလို့လား!!!?"
"မင်းမိဘကြောင့်လား!!? ကိုယ်တို့ပြောတာတွေကို မင်းကြားသွားလို့လား!? ဒါဆိုရင် မင်းသိရမှာပေါ့! ကိုယ်ဂရုမစိုက်ဘူးလို့ပြောပြီးပြီပဲ~ ကိုယ်လိုချင်တာက..."
ESTÁS LEYENDO
Him ❤️ (Yizhan)
RomanceUnicode ❤️ "ရှောင်းကျန့်!!!" "..." "ရှောင်းကျန့်!!!!" ထိုအသံကဘယ်သူလဲဆိုတာ ရှောင်းကျန့်သိတာကြောင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ငါဒီလိုပုံစံဖြစ်နေတာကို မင်းကျေနပ်တယ်မလား ရိပေါ်~ မင်းပျော်နေသင့်တယ်~" "ရှောင်းကျန့်~ ငါတို့အေးအေးဆေးဆေးစကားပြောရအောင်~...