Part 43

8.6K 1K 129
                                    

Unicode

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

Unicode

"မင်းပြောသလို ငါစုံစမ်းကြည့်တော့ Zexi ကတကယ်ပဲ အရောင်းအဝယ်တစ်ခုလုပ်ဖို့ကြိုးစားနေတယ်!"

"အင်း~"

"ရှောင်းဟိုင်ခွမ်းလိုချင်တာလုပ်ပေးဖို့အတွက် ဘက်ဂျက်လိုနေတာထင်တယ်! အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် အဲ့ဒါကအရေးမကြီးပါဘူး! အရေးကြီးတာက သူရွံစရာတွေကိုလုပ်နေတယ်ဆိုတာပဲ~ အဲဒါကဘာလဲဆိုတာ မင်းခန့်မှန်းကြည့်နိုင်လား ရိပေါ်!?"

ရိပေါ်က ရှောင်းကျန့်သူ့ကိုစစ်ခိုင်းထားသည့် စာရွက်စာတမ်းတွေကို ကြည့်ပေးနေရင်းက ယွီပင်းကို ငဲ့ကြည့်ကာ ပြုံးလိုက်သည်။

"တရားမဝင်လူကုန်ကူးတာလား!?"

"..."

ယွီပင်းမျက်နှာမှာ အထင်ကြီးတဲ့အရိပ်အယောင်တွေ ချက်ချင်းဖြတ်ပြေးသွားပြီး~

"မင်းကဘယ်လိုသိလဲ!!!?"

"ရွံစရာဆိုလို့ ဒီလောကမှာ မုဒိမ်းကျင့်တာနဲ့ လူကုန်ကူးတာပဲရှိတာမဟုတ်ဘူးလား!? လူကုန်မကူးဘဲ မုဒိမ်းကျင့်တာက ပိုက်ဆံရနေလို့လား!!?"

ယွီပင်းကနှာရှုံ့လိုက်ပေမဲ့ ခေါင်းညိတ်ထောက်ခံရှာပါသည်။

"အင်း~ သူတို့က လိင်လုပ်သားအဖြစ်နဲ့ ဟောင်ကောင်ဘက်ကို ရောင်းစားခံနေရတယ်! ဒါကိုအစိုးရကသိနေလျက်နဲ့ ကောင်းကောင်းမစုံစမ်းဘူး~"

ရိပေါ်က သူစစ်ပြီးသည့် စာရွက်တွေကို အမှတ်အသားပြုလုပ်ပြီး စနစ်တကျစီထားလိုက်သည်။ ယွီပင်းက သူစုံစမ်းထားတာတွေကို ဆွေးနွေးဖြေရှင်းမဲ့အစား ရှောင်းကျန့်ခိုင်းထားသည့် အလုပ်ကိစ္စကို စိတ်ပါဝင်စားစွာ ဂရုတစိုက်လုပ်ပေးနေသည့် ရိပေါ်ကို စုန်ချည်ဆန်ကြည့်ရင်း ဟောက်ရွှမ်းကိုမျက်စပစ်ပြလိုက်သည်။

Him ❤️ (Yizhan)Tempat cerita menjadi hidup. Temukan sekarang