Stand by Me. (1)

15.1K 700 24
                                    

"ဟေ့ကောင် ကျိရွှမ်း ငါ့အရုပ့်ပြန်ပေး"

"ဘာလို့ပေးရမှာလဲ အဲ့တာမင်းအရုပ်မှမဟုတ်တာ ကိုကို့အရုပ်ကို"

"ဟေ့ကောင် ပေးလို့ပြောနေတယ်နော်
မင်းမှာလဲ ကျန့်ကော ပေးထားတဲ့အရုပ်တွေရှိတာပဲ အဲ့ဒါတွေနဲ့ဆော့လေ"စကားနိုင်လုရင်း ရိပေါ်က ကျိရွှမ်းလက်ထဲက အရုပ်ကို ပြန်ရအောင်အတင်းလုနေလေရဲ့

"အဟင့် အဟင့် ဟင့် ကိုကိုရေ့ ဒီမှာ သားကိုရိပေါ်အနိုင်ကျင့်နေတယ်" ငိုယိုပြီး သူ့ကို လှမ်းတိုင်နေတဲ့ကျိရွှမ်းကြောင့် သူတို့စားဖို့ ဝမ်ကတော်ပေးတဲ့စားစရာတွေကိုမြန်မြန်ယူပြီး ဟိုကလေးတွေရှိတဲ့နေရာကို အပြေးသွားကြည့်ရတယ်

"ဘာတွေဖြစ်နေကြတာလဲ
ရိပေါ်   ကျိရွှမ်းကိုအနိုင်ကျင့်ပြန်ပြီလား"

"ဟုတ်တယ်ကိုကို သားက သူ့ကို ကိုကို ပေးထားတဲ့အရုပ်လေး ကိုင်ကြည့်တာကို သူက မကိုင်နဲ့တဲ့
သားကပြီးရင်ပြန်ပေးမှာကို"

"မင်း အရုပ်ကဘယ်ရောက်သွားလို့လဲ
ငါက ကျန့်​ေကာပေးတဲ့ အရုပ်ကို တရိုတသေကိုင်တာ
မင်းက စည်းမရှိကမ်းမရှိကိုင်လိုက်ရင် ပျက်စီးမှာက ငါ့အရုပ်လေ
ကျန့်ကော သူ့ဆီက ကျွန်တော့်အရုပ်ပြန်တောင်းပေး"

"ဟင့် ဟင့် မပေးဘူးဆို
သားဒီအရုပ်လေးကိုကြိုက်တယ်လို့
မင်းမပေးရင် မင်းကို ငါ တီတီဝမ်နဲ့သွားတိုင်မှာ"ရှုိက်ကာရှိုက်ကာ ငိုနေတဲ့ ကျိရွှမ်းကိုကြည့်ပြီး ရှောင်ကျန့်ဆုံးဖြတ်ရခက်နေချေပြီ
ဒီကလေးလေးက သူလိုတာမရရင် အဲ့တာကိုပဲ တစ်ညလုံးစိတ်ဆွဲပြီးဖျားနာတတ်တယ်
ရိပေါ်ကျ အဲ့လိုမဟုတ် ပြောရင်သိတယ်
တော်ရုံဆိုလဲ မငို စိတ်မာတယ်ပဲပြောရမလား

"ပေါ်တိလေး ကလိမ်မာတယ်လေ သူက သားညီလေးပဲမလား
သူ့ကိုပေးလိုက်ပါ ကောက အသစ်လုပ်ပေးမယ်လေ"သူ့စကားဆိုတစ်ခွန်းဆို တစ်ခွန်းနားထောင်တဲ့ရိပေါ်လေးက ဒီတစ်ခါလဲ ခေါင်းလေးကို အသာညိမ့်ပြလို့

Flask back.

​ရှောင်ကျန့်တို့မိသားစုတစ်တွေဒီအိမ်ကို စပြောင်းလာထဲက အိမ်နီးချင်းဖြစ်တဲ့ဒီကလေးလေးတွေကို သံယောဇဥ်တွယ်ခဲ့တာ
အဲ့တုန်းကလဲ အခုလိုပဲ ပစ္စည်းတစ်ခုကို လုနေကြတဲ့ညီအကိုနှစ်ယောက်က သူတို့ကားလဲ ခြံထဲဝင်လာရော ရန်ဖြစ်တာကို ခနရပ်လို့ ရှောင်ကျန့်ကို စူးစိုက်ကြည့်နေကြတာ
မျက်ဝန်း ​ဝိုင်းဝိုင်းလေးနဲ့ကောင်လေးက သူ့ကို နှစ်လိုဖွယ်ရယ်ပြနေသလောက်
ပါးဖောင်းဖောင်း မျက်ဝန်းမှေးမှေးလေးနဲ့ကောင်လေးကတော့ မရယ်မပြုံး ခပ်တည်တည်မျက်နှာပေးနဲ့သူ့ကိုကြည့်လို့
တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်းတဲ့ ကလေးနှစ်ယောက်

Stand By Me. Where stories live. Discover now