Stand by Me. (8)

4.1K 420 26
                                    

ရိပေါ်တို့ စကားပြောနေတုန်း ရှိုက်သံတိုးတိုးနဲ့ လှေကားကနေအတင်းပြေးဆင်းသွားတဲ့ခြေသံကိုကြားလိုက်တာကြောင့် စကားစကိုရပ်ကာ ဘယ်သူလာသွားလဲလှမ်းကြည့်မိတော့

"ကျန့်ကော ကော နေပါအုံး..."

"ဘာလဲ ဝမ်ရိပေါ် မင်းငါ့ဆီကို လိုက်မလာနိုင်တာ ရည်းစားရဖို့ကိစ္စလုံးပမ်းနေရတာကြောင့်မလား
ဘာလို့ ငါ့နောက်လိုက်လာတာလဲ
မင်းတို့ ကိစ္စဆက်လုပ်ကြလေ"

"ကျွန်တော်ပြောပြတာကို နားထောင်ပါအုံး..."

"တော်ပါ ရိပေါ်ရယ်
ငါကတော့ မင်းတကယ်စာတွေကြိုးစားနေတယ်ထင်လို့ငါ့ကျောင်းကနေတောင် မရမကထွက်လာပြီး မင်းကိုအားပေးဖို့လာခဲ့တာ
မင်းကတော့...."

"ကော ထင်သလိုမဟုတ်ဘူး
သူမက....."

"မျက်စိနဲ့ တပ်အပ်မြင်နေတာတောင် ငြင်းချင်နေသေးတယ်
ဘာလဲ မင်းက ကြီးလာတော့ ငါ့ကို အာခံချင်နေပြီပေါ့
ဒီအရွယ်ရည်းစားမထားရဘူးလို့ ငါပြောထားတဲ့စကားကိုမင်းက ဆန့်ကျင်လိုက်တာပဲ
မင်းတို့ အတုယူမှားမှာ စိုးလို့ ငါခုချိန်ထိ ရည်းစားထားမပြခဲ့ဘူး...
အခုတော့ မင်းက ငါမသင်ပေးပါပဲ အတတ်ကောင်းတွေတတ်နေတာ...."

"ကောရာ....."ကောစိတ်ထဲမှာ ရှိတာအကုန်ပြောနိုင်အောင် သူငြိမ်ပြီး နားထောင်ပေးလိုက်တယ်
ကောပြောပြီးရင်တော့ သူ့အလှည့်ပဲ

"ဘာလဲ ငါပြောတာတွေအကုန်မှန်နေတော့ ဖြေရှင်းချက်တောင်မပေးနိုင်တော့ဘူးပေါ့ ဟုတ်လား
သွား မင်းနဲ့ငါ ဒီတစ်သက် ရှင်ခန်းပြတ်ပဲ(သေခန်းပြတ်လို့တော့ မသုံးနိုင်ပါ ဘာလို့ဆို ဝဇီဗေဒ ထိတိုင်းရှ တဲ့
စကားနောက်တရားပါပြီး ရိပေါ်တစ်ခုခုဖြစ်သွားမှာမလိုလားပါ)

"ကောကလဲ ဗျာ ရှင်းပြတော့လဲ လက်မခံဘူး
ငြိမ်နေပြန်တော့လဲ ဟုတ်လို့ငြိမ်နေတယ်ဖြစ်ပြန်ရော..."

"ဟော် ကြည့် မင်းက ခု ငါ့ကို စိတ်မရှည်တော့ဘူး
အေးပေါ့လေ ရည်းစားအသစ်စက်စက်လေးကိုပဲ စိတ်ရှည်ပေးနိုင်တော့မှာပေါ​့
ရှောင်ကျန့်ဆိုတာ ရိပေါ်ဘဝ အတွက် လိုသုံး အဝတ်စုတ်တစ်ခုလိုပဲ
အသစ်ပေါ်လာတဲ့ Tissue တွေပေါ်လာရင် အဝတ်စုတ်လေးက မျက်နှာငယ်ရတာ သဘာဝပဲ"

Stand By Me. Where stories live. Discover now