Sțand by Me. (17)

3.3K 328 8
                                    

သူ့ဘေးနား လာထိုင်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့် မျက်စောင်းကျွေးလိုက်တယ်....

"ဘလိုင်းကြီး ကောရယ် ဘာတွေ အလိုမကျလို့ ရွှေစိတ်တော်ကောက် မျက်နှာတော် ညှိုးနေရတာလဲ.,. ."

"စိတ်မကောက်ပါဘူး....ဘာကိစ္စစိတ်ကောက်ရမှာလဲ...."
စိတ်ကောက်တာ မဟုတ်ပဲ စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ကောဘယ်လို​ပြောရမလဲ ရိပေါ်ရယ်....
သူတို့အချင်းချင်း ဘာအဆင့်မှ မရောက်​သေးဘဲ ကိုယ့်ဘက်က သွားစွပ်စွဲလိုက်လို့ စိတ်ယိုင်သွားမှ ရှောင်ကျန့် ရင်ကျိုးရမယ်....
နောက်ပြီး ရိပေါ်က သူ့ကို သဘောထားသေးသိမ်တဲ့လူလို့လဲ မထင်စေချင်ပါ....

"စိတ်မကောက်ဘူးဆိုပေမဲ့ ကောပုံစံကြည့်ရတာ တစ်မျိုးကြီးပဲ....
နေမကောင်းဘူးလား....."

"ကောင်းပါတယ် စကားမများနဲ့တော့ ဇာတ်လမ်းစနေပြီ......"

"ဒီကိုလာတာ ဇာတ်လမ်းကြည့်ဖို့များမှတ်နေလား
အခွင့်အရေးရနေတာကို လက်လွတ်ခံမဲ့ အလုပ်မျိုး ရိပေါ်မလုပ် လုပ်ရင် ရိပေါ်မဟုတ်....
လာထားးးး အာဘွားးးးပဲ"

ကောရဲ့ စိုရဲရဲ နှုတ်ခမ်းလေးပေါ်ကို ရိပေါ်နှုတ်ခမ်းတွေ ထပ်တူကျစေခဲ့တယ်....
Candy လေးကိုချိုမြမှုက ဘယ်လောက်နမ်းနမ်း ဘယ်အချိန်နမ်းနမ်း အရသာ ပျက်ပြယ်သွားတယ်ဆိုတာမျိုးမရှိ.......
နှုတ်ခမ်းကို နမ်းတာနဲ့တင် အားမရတဲ့ ရိပေါ်က ရှောင်ကျန့်ရဲ့ ရွှေ လည်တိုင်ကြော့ကြော့ကို သူ့နှုတ်ခမ်းတွေနဲ့ ထိကပ်လာပြန်ရော......

"အာ့..."လည်တိုင်ကို ကိုက်ခဲလိုက်တဲ့ရိပေါ်ကြောင့် ရှောင်ကျန့် အသံထွက်ပြီး ညည်းမိသွားတယ်...

"ရိပေါ် လည်ပင်းကို မလုပ်နဲ့ ကျိရွှမ်းနဲ့ လီမင်သိသွားရင်မကောင်းဘူး...."
အနမ်းရေယာဥ်ကြောမှာ နစ်မြောနေတဲ့ ရိပေါ်က ရှောင်ကျန့် ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောလိုက်တယ်ဆိုတာကိုသတိမထားမိ....

"အာ့ဆို လည်ပင်းကို မလုပ်တော့ဘူး လူမမြင်ရတဲ့နေရာတွေမှာပဲ လုပ်တော့မယ်...."
ရိပေါ်ရယ် ငါတို့နှစ်ယောက်ရဲ့ ဖြစ်တည်မှုကို ငါတို့နှစ်ယောက်ပဲ သိပေမဲ့လဲ မင်းနဲ့ ချစ်သူဖြစ်ခွင့်ရတဲ့တစ်လျှောက်ပျော်ရွှင်ခဲ့ရပါတယ်
(ကောက လီမင်သိရင် မကောင်းဘူးလို့ပြောတာက သူတို့နှစ်ယောက် ချစ်သူတွေဆိုတာ လီမင်သိလားလို့ သွယ်ဝှိုက်ပြီး မေးတာပါနော်.....
ရိပေါ်က ကောကို နမ်းချင်တာပဲ သိနေတော့ ကောပြောတဲ့စကားကို အပေါ်ယံ လောက်ပဲတွေးမိသွားပြီး ပြန်ဖြေရှင်းမပေးတာ)

Stand By Me. Where stories live. Discover now