Stand by Me. (24)

2.9K 264 20
                                    

ရှောင်ကျန့် Accident မဖြစ်ခင် တစ်နာရီအလို...

"သားကျန့် ရိပေါ်လေးကလေ ကလေးစိတ်နဲ့သားကို ခင်တွယ်နေတာများလား..အနေနီးလို့သံယောဇဥ်တွယ်ကြတာကို အချစ်လို့ခေါင်းစဥ်တပ်လိုက်မှာစိုးတယ်...
သူက ငယ်ငယ်လေးထဲက သားရဲ့ဂရုစိုက်မှုတွေကို သာယာနေတာ..
သားလို ဂရုစိုက်ပေးမဲ့သူနောက်တစ်ယောက်ရှိလာရင် သူက သားကိုစွန့်ခွာသွားမှာကို မားစိုးရိမ်တယ်..
ဒါက သားတို့နှစ်ယောက်ကို သဘောနတူလို့ပြောတာမဟုတ်ဘူးနော်...
တကယ်မချစ်ကြပဲ မိဘတွေကို ဖွင့်ပြောပြီး အတူတူနေကြဖို့ဆုံးဖြတ်ပြီးကာမှ ကျွန်တော်တကယ်ချစ်ရတဲ့သူပေါ်လာလို့ လက်မထပ်နိုင်ပါဘူးဆိုရင် အချင်းချင်းမျက်နှာပျက်စရာတွေဖြစ်ကုန်မယ်...."

မားရဲ့စိတ်ကို ရှောင်ကျန့်နားလည်ပါတယ်...
သူတို့နှစ်ယောက်ရဲ့ သဘာဝကိုဆန့်ကျင်ပြီး ချစ်သူတွေဖြစ်ကြတဲ့အပေါ်မှာ ရှေးရိုးစွဲနေတဲ့မားက မယုံရဲသေးတာ..
မားကိုလဲ အပစ်ပြောလို့မရပါဘူး.....
နှစ်ဖက်မိဘတွေ အမြင်ကြည်အောင် သူတို့ရဲ့အချစ်ကိုသက်သေပြဖို့လိုနေပြီ....

"အဲ့တာဆိုမား...ရိပေါ်တကယ် ကျွန်တော့်ကို အချစ်စစ်နဲ့ချစ်လားမချစ်လားဆိုတာသိဖို့..ကစားပွဲလေးတစ်ခုကစားကြည့်ရအောင်..သူက ကျွန်တော့်ကို တကယ်ချစ်တာလား...ကျွန်တော့်ကို တကယ်မချစ်ပဲ ကျွန်တော့်ရဲ့ဂရုစိုက်မှုတွေကို သာယာပြီး ချစ်တယ်ထင်နေတာလား
ဆိုတာသိရအောင်...
တစ်လတိတိ သားရိပေါ်ကို လစ်လျူရှုထားမယ်..
တစ်လအတွင်းမှာ သူ့ကို ဂရုလဲမစိုက်အရေးလဲမလုပ်ပဲမသိသလိုနေမယ်..
အဲ့အတော်အတွင်း မားကြိုက်တဲ့သူနဲ့ သူကြိုက်လာအောင် မြူစွယ်ခိုင်းကြည့်..
တကယ်လို့ သူက ဂရုစိုက်မှုတွေမှာပဲ ပျော်ဝင်တတ်ပြီးသားကို တကယ်မချစ်ဖူးဆိုရင် အဲ့လူနောက်ပါသွားလိမ့်မယ်..
တကယ်လို့ အဲ့တာက..အလုပ်မဖြစ်ဖူးဆိုရင်တော့သားကိုသူတကယ်ချစ်လို့ပေါ့..."

သားအမိနှစ်ယောက်စည်းဝါးရိုက်ချက်အပြီးမှာ ကြားထဲက တစ်လလုံး ဥပုသ် စောင့်လိုက်ရတာက အမောင်ဝမ်ရိပေါ်...

ရှောင်ကျန့်တကယ် သူ့ကိုမေ့နေတယ်ထင်ပြီး စိတ်မကောင်းဖြစ်နေတဲ့ရိပေါ်ကို ထွေးပွေ့နှစ်သိမ့်ချင်စိတ်တစ်ဖွားဖွား....

Stand By Me. Where stories live. Discover now