Stand by Me. (Final)

4.6K 275 17
                                    

"ဆရာလေးတို့ သူ့ကို ဘာလို့ရွာထဲခေါ်လာတာလဲ
ရွာနာတယ်.."ရှောင်ကျန့် အဘွားကို သူအပြစ်တွေ ခွင့်လွှတ်ပေးဖို့ ဝန်ချတောင်းပန်ပြီး သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုဖိတ်ကြားခဲ့တာကြောင့် အဘွားဟာ သူတို့လက်ထပ်ပွဲကို လာတက်ခြင်းပင်..

"ကျွန်တော်တို့ လက်ထပ်ပွဲကို အသက်အကြီးဆုံး လူတစ်ယောက်က ကောင်းချီးပေးမှ ရာသက်ပန်လက်တွဲသွားနိုင်မယ်လို့ ဗေဒင်ကဟောထားလို့..
အဘွားကို ကောင်းချီးပေးဖို့
အကူညီတောင်းခဲ့တာ..
ဒီနယ်မှာ အဘွားလောက်ဘယ်သူအသက်ရှည်လိ​ု့လဲ.."ငယ်ငယ်ထဲက အဘွားကိုစုန်းဆိုပြီးမှတ်ယူထားတဲ့သူတွေအဖို့ ချက်ချင်းကြီး အဘွားက သာမန် လူတွေထဲက လူပါလို့လက်ခံခိုင်းဖို့ကျတော့မလွယ်ကူလှပါ..
ရှေးရိုးစွဲနေတဲ့အယူဝါဒအလွဲမှားတွေကို ရိပေါ်နဲ့ရှောင်ကျန့်က သက်သေနဲ့တကွဖော်ပြနိုင်မှ လက်ခံပေးကြမှာမလို့ အခု ပထမအဆင့်အနေနဲ့ သူတို့နှစ်ယောက်က ဦးဆောင်ပြီး အဘွားကို အခြားသူတွေနဲ့တန်းတူဆက်ဆံပေးလိုက်တယ်..
အဘွားကိုဒီလို အရောတဝင်ဆက်ဆံလိုက်လို့ ရှောင်ကျန့်တို့မှာ ဘာထိခိုက်မှုမှ မရှိတာကိုလက်တွေ့ကျကျ မြင်ကြရမှ.အဘွားကဘာစုန်းပညာမှ မတတ်တဲ့သူဆိုတာကို.သူတို့လက်ခံပေးနိုင်မှာမလား.

"သူ ကကောင်းတာယူဆောင်ပေးမှာမဟုတ်ဘူး..
ဆရာတို့ကိုဆိုးကျိုးတွေပဲယူဆောင်ပေးမှာ.."

"အဘွားဒီပွဲမှာ ရှိနေတဲ့အတော်အတွင်းဘယ်သူတွေ ဘာဖြစ်ကြတာမြင်လို့လဲ.."

"အခုမဖြစ်ပေမဲ့နောက် တစ်ပတ်လောက်နေရင် ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်မှာပဲ.."

"ဟုတ်တယ် ဟုတ်တယ်.."

"ကဲ တော်ကြစမ်း..ဆရာလေးတို့ပြောတာနားထောင်ကြအုံး.."ဆူညံနေတဲ့လူအုပ်ကြီးက ရွာလူကြီးစကားအဆုံး မီးကိုရေနဲ့ငြိမ်းလိုက်တဲ့အတိုင်း တိတ်သွားလေရဲ့...

"တကယ်လို့ ကျွန်တော်တို့နှစ်ယောက်လုံး ဘာမှမဖြစ်ဘူးဆိုရင် အဘွားက စုန်းမဟုတ်ဘူးဆိုတာလက်ခံပေးကြမယ်ပေါ့.."

"ရပါတယ် ဆရာလေး
ကျွန်တော်ကလဲ ဒါတွေအယုံကြည်မရှိပါဘူး..
ဆရာလေးတို့လို ပညာတတ်တွေကတောင် လက်ခံနေတာ..
ကျွန်တော်တို့က ဘာလို့ လက်မခံပဲနေရမှာလဲ."ရွာလူကြီးရဲ့ စကားကြောင့် လူအုပ်ကြီးကလဲ ခေါင်းညိမ့်ကာအသီးသီးထောက်ခံကြလေရဲ့..
ဒီလူသားနှစ်ယောက်ကို သူတို့တစ်တွေအရမ်းလေးစားတာ..
ဒီလူသားတွေကြောင့်သာ သူတို့ ကျန်းမာရေးဗဟုသုတတွေရပြီး အမြင်ကျယ်လာခဲ့တာလေ..
သူတို့က စိတ်ဓာတ်မကောင်းဘူး အဘွားကိုတစ်ယောက်ထဲရွာပြင်မှာပစ်ထားကြတာ...
စိတ်ဓာတ် မကောင်းတဲ့ရွာမှာမနေဘူးဆိုပြီး ပြန်သွားရင် နောက်ဒီနယ်ကို ဒီလိုဆရာဝန်လေးရောက်လာမှာမဟုတ်တော့ဘူးမလား..
ဒါပေမဲ့လဲ ကြောက်တဲ့စိတ်က အရှိန်မသေသေးတာကြောင့် တစ်ပတ်စောင့်ကြည့်ဖို့ကိုပဲ သဘောတူလိုက်ကြတော့တယ်...

Stand By Me. Where stories live. Discover now