Stand by Me. (7)

4.1K 423 25
                                    


ရက်ကို လပြောင်း ၊ လကိုနှစ်ပြောင်း အချိန်တွေတစ်ရွေ့ရွေ့ကုန်လွန်ခဲ့ပြီးတဲ့နောက်မှာတော့ ရှောင်ကျန့်က အထက်တန်းအောင်လို့ သူနာပြုတက္ကသိုလ်ကို တက်ခွင့်ရတယ်
ရိပေါ်နဲ့ ကျိရွှမ်းကတော့ အထက်တန်းရောက်ပြီမို့ကျောင်းစာတွေနဲ့ရှုပ်ရှက်ခတ်နေလေရဲ့
ကျိရွှမ်းက ကျောင်းပြီးရင် သူ့ပါးရဲ့ Companyမှာဝင်လုပ်ရမှာသေချာနေတာ​ကြောင့် ဘဝကို ပေါ့ပေါ့တန်တန်ဖြတ်သန်းနေသလောက်
ရိပေါ်ကတော့ ကျောင်းစာကို အရမ်းကြိုးစားနေလေရဲ့
အလိုလိုမှ ကောက သူနာပြုတက္ကသိုလ်ရောက်သွားလို့ အဖော်မဲ့နေ ပါတယ်ဆို ရိပေါ်ကပါ သူ့ကိုလျစ်လျူရှုနေတာကြောင့် သူပါသူပဲပျော်စရာလေးတွေရှာနေရတယ်
ပျော်စရာ ဆိုလို့ တစ်လွဲတွေးမနေကြနဲ့အုံး
အချစ်တွေများနေလို့ ကောင်မလေးတွေတစ်ယောက်ချင်းဆီကိုခွဲဝေပေးနေတာ
သူတို့လဲပျော်ရသလို ကိုယ်လဲစိတ်ချမ်းသာရတယ်မလား

"ကျိရွှမ်း ပါးခေါ်နေတယ်"သူ့နှလုံးသားရဲ့ပိုင်ရှင်များစွာထဲကတစ်​ယောက်နဲ့ ဖုန်းပြောနေတုန်း ရိပေါ်အသံသြရှရှကြီးကိုကြားလိုက်ရတာကြောင့် ဖုန်းကိုအမြန်ချ အမြန်ဆုံးနီးနဲ့ ပန်းကန်လုံးစီးပြီး ပါးဆီကို လှိမ့်ရတော့တယ်
ပါးက သူခေါ်တဲ့အချိန်တန်းပြီး ေရာက်မလာရင်စိတ်တိုတတ်တာကြောင့်....

"ပါး ကျွန်တော့်ကိုခေါ်တယ်ဆို"

"မင်း ဒီလိုပဲနေနေတော့မှာလား"

"ဟေ့ကောင် မင်းကိုဘယ်သူက ထိုင်ခိုင်းနေလို့လဲ"မတ်တပ်ရပ်အနေအထားကနေ sofa ပေါ်ကိုစွေ့ခနဲတက်ထိုင်လိုက်တဲ့ ကျိရွှမ်းကြောင့် ကျန်းသူဌေးမျက်မှောင်ကျုံ့ကာမေးလိုက်တော့

"ပါးပဲ ဒီလိုနေနေတော့မှာလားလို့မေးနေပြီးတော့
အဲ့ဒါကြောင့် မတ်တပ်ရပ်မနေတော့ပဲ ထိုင်လိုက်တာလေ"

"တလွဲ ဆံပင်ကောင်းနေတာ
ငါပြောတာက မင်းလက်လျားလက်လျား နဲ့ယောင်​ြခြာက်ဆယ်လုပ်ပြီးပဲ နေနေတော့မှာလားမေးတာ
မင်းအကို ရိပေါ်ကိုပဲကြည့် ဘယ်လောင်တည်ငြိမ်လိုက်သလဲ
မင်းကတော့ အထက်တန်းတောင်ရောက်နေပြီ အခုချိန်ထိ ယောင်လို့ကောင်းတုန်း
ရိပေါ်ဆီက အတုယူစမ်းပါ
မနေ့က မင်းဆရာမနဲ့တွေ့ပြီး ကျောင်းခန်းထဲမှာ မင်းအဆင့်ဘယ်လောက်လဲဆိုတာသိပြီးပြီ" ဘယ်အချိန်များဆရာမက ပါးနဲ့တွေ့လိုက်တယ်မသိ
အဆင့်မကောင်းတာကို ပါးသိရင် အဆူခံရမှာစိုးတာကြောင့် report card ကိုတောင် ဝမ်မားကိုပဲ လက်မှတ်ထိုးခိုင်းတာ
ခုတော့......

Stand By Me. Where stories live. Discover now