Stand by Me. (30)

2.6K 227 5
                                    

"ရိပေါ် ဘယ်မှာလျှောက်ဖို့ဆုံးဖြတ်ထားလဲ..
မင်းလိုတော်တဲ့သူမျိုးဆို မြို့ပေါ်ကဆေးရုံကောင်းကောင်းမှာရမှာသေချာတယ်.."

"ဟင့်အင် ငါက နယ်ဘက်မှာလျှောက်မှာ..."

"ဘာလို့လဲကွ မြို့ပေါ်မှာလျှောက်ရင်မင်းကောနဲ့လဲနီးတယ် နယ်မှာသွားရေးလာရေးအဆင်မပြေရင်ဘယ်လိုလုပ်မလဲ..."

"ကောရဲ့ဆန္ဒတွေကိုငါကဖြည့်ဆည်းပေးချင်တာကွ..
ဝေးလံခေါင်သီးတဲ့နေရာတွေမှာ ဆရာဝန်ရှားပါးတယ်မလား...
ပြည့်ပြီးသား အိုးကိုထပ်ဖြည့်နေမဲ့အစား..မပြည့်သေးတဲ့အိုးကိုဖြည့်ပေးတာက ပိုအကျိုးရှိတာပေါ့.."

"ပြောမရလဲနေကွာ...."သွားချင်တဲ့နေရာကို မေးထားတဲ့ ကွက်လပ်နေရာလေးမှာ စေလိုရာစေဆိုပြီး ထည့်ခဲ့လိုက်တယ်..
ကော ကျွန်တော့်အတွက် ဂုဏ်ယူပေးနော်...

ရှောင်ကျန့်ရင်တွေတော်တော် ခုန်နေပြီ..
ဘာလို့ဆို ဒီနေ့ကရိပေါ် တာဝန်ကျတဲ့နေရာကို သိရတော့မှာမို​့....
သူ့ကလေးကဒီလောက်တော်တာ..မြို့ပေါ်ဆေးရုံတစ်ခုခုကိုကျမှာသေချာတယ်...

ကျန်းမာရေးဌာန ကတင်လိုက်တဲ့ post တွေကိုရှာကြည့်လိုက်တော့ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေး တာဝန်ကျတဲ့နေရာက ဟိုးးးအစွန်အဖျားမှာ...

မသေချာလို့ နာမည်တူများရှိနေလားဆိုပြီး စစ်ဆေးကြည့်တော့လဲ ခုံနံပါတ်က ရိပေါ်နံပါတ်..

"ရိပေါ် ရိပေါ်...."ငပိသည်ကအိပ်လို့ ဆားသည်ကယင်ချောက်လို့ ဆိုတဲ့စကားပုံကသူတို့နှစ်ယောက်အတွက်ရည်ရွယ်ပြီး ခိုင်းနှိုင်းထားသလားထင်ရအောင် ထပ်တူကျနေလေရဲ့...
အခုလဲ ရိပေါ်တို့ ခန့်ထားပေးမဲ့နေရာတွေကိုသိရမှာမို့ မနက်ထဲကရှောင်ကျန့် laptop ရှေ့မှာ..

ရိပေါ်ကတော့ သူ့ကိစ္စမဟုတ်တဲ့အတိုင်း အေးအေးဆေးဆေးရေတောင်ချိုးနေသေးတာ..
မျက်နှာမသစ်သွားမတိုက်ပဲ လပ်တော့ ရှေ့ထိုင်နေတဲ့ရှောင်ကျန့်က တော့ ဒီနေ့ထွက်မဲ့ result ထဲမှာ သူပါသလို..စိတ်တွေလှုပ်ရှားနေလေရဲ့...

Laptop ကဖန်သားပြင်ကို​ကြည့်ပြီး ရှောင်ကျန့်မျက်လုံးတွေငေးငိုင်သွားလေရဲ့..
ရေချိုးခန်းထဲရောက်နေတဲ့ ရိပေါ်နာမည်ကို တစ်စာစာခေါ်ရင်း တစ်ခုခုလွဲမှားနေသလားသိရအောင် ဆေးကျောင်းက ကျောင်းအုပ်ကြီးထံသွားမေးဖို့လဲတွေးနေမိတယ်..

Stand By Me. Where stories live. Discover now