Stand by Me. Extra(1)

3.8K 235 16
                                    

ကြည့်လိုက်တာနဲ့အထက်တန်းလွှာအသိုင်းအဝိုင်းကမှန်း သိသာလောက်အောင်ကိုပဲ အပြင်အဆင်တွေက ခမ်းနားနေတော့တာ...
ဒိတ်ဒိတ်ကျဲစီးပွားရေးလုပ်ငန်းရှင်ကြီးနှစ်ယောက်ရဲ့ မြေးလေးတွေမွေးနေ့မို့ လုပ်ငန်းပေါင်းစုံက အကြီးအကဲတွေလဲတက်ရောက်လာကြလေရဲ့...

"သားဝမ်နဲ့ သားကျန့်ကော.."

"အိမ်ပေါ်က ကိုဆင်းမလာသေးဘူး ကိုရေ့..
မွေးနေ့လုပ်တာက သူတို့သားနှစ်ယောက်ကို အဖေတွေကသားတွေနဲ့အပြိုင်ရှိုးထုတ်နေကြတာ.."ရက်တစ်ရာပြည့်သွားပြီဖြစ်တဲ့ကလေးလေးနှစ်ယောက်ကို ရှောင်းဘိုးဘိုးနဲ့ဘွားဘွားက တစ်ယောက်စီကိုချီပိုးထားလေရဲ့..
ကလေးအဖေ နှစ်ယောက်ကတော့ ကိုယ့်လက်ကလွတ် ကျွတ်ဆိုပြီး သူတို့သားတွေကို အဘိုးတွေအဘွားတွေလက်ထဲမှာ စိတ်ချလက်ချကိုထားပြီး အခန်းထဲမှာ အပီအပြင်ကိုရှိုးထုတ်နေကြလေရဲ့..
ရှိုးထုတ်နေတာလား.မျိုးထုတ်နေတာလားတော့ သူတို့ပဲသိလိမ့်မည်။(မျိုးထုတ်=မျိုးဆက်သစ်ကလေးလေးရဖို့ကြိုးစားနေခြင်း..😁😁)

"ကော မောင့်ကို နက်ကတိုင် စည်းပေး.."ကိုယ်ပါတူလုပ်တတ်တာမှန်ပေမဲ့ ကောလုပ်ပေးမှ ပိုခန့်ပိုသန့်တယ်လို့ထင်ပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတာမျိုး...

သားသားတို့က ငယ်သေးတော့ အဝတ်အစားနဲ့ရှိုးထုတ်လို့မရသေးတာကြောင့် ဖေဖေတွေကပဲ အဖြူနဲ့အနက်စပ်ထားတဲ့ Suit ဆင်တူလေးဝတ်ပြီး ပါရမီဖြည့်ပေးရတာပေါ့...
အများအမြင်မှာ Suit ဝတ်ထားတဲ့ကောက Gentleman style ပေါက်နေပေမဲ့ ရိပေါ်မျက်လုံးထဲမှာတော့ သားတွေနည်းတူ ကလေးလေးလို့ထင်နေမိတုန်း...

ရိပေါ်ကို နက်ကတိုင် ချည်ပေးနေတဲ့ကောရဲ့ကိုယ်လုံးလေးကို သူ့ဆီဆွဲယူပြီး အနမ်းတစ်ပွင့် ဖူးပွင့်လိုက်တယ်..ကောရဲ့ပျားရည်အိုင်လေးဆီ...
ရှေ့ဆက်တက်ရင်ဘာဖြစ်မလဲဆိုတာ ကိုယ့်ကိုယ်ကို သိတာမို့ အနမ်းကို ပြန်ရုတ်သိမ်းလို့ အောက်ထပ်ကို ဆင်းဖို့ပြင်ရတော့တယ်..

"ပေါ်လာကြသေးတယ်နော်မင်းတို့...
ငါက အမွှာလေးရဲ့နောက် ညီလေးအတွက် နာမည်ပေးဖို့စဥ်းစားနေပြီ.."

Stand By Me. Where stories live. Discover now