Stand by Me. (35)

2.7K 212 18
                                    

"ကော ဒီညနေဆေးခန်းမှာလူနာပါးရင် ရွာထဲလျှောက်ကြည့်ကြမလား..."

"ကြည့်မယ်လေ ရိပေါ်..ဟိုနှစ်ယောက်လဲ ဘယ်မှမရောက်ဖူးသေးတော့ သူတို့ကိုလိုက်ပို့ရင်း..."
ဟိုနှစ်ကောင်ကို မကျေနပ်​သေးပေမဲ့လဲ ကောက သူ့ကိုတစ်ညလုံးသူ့အလိုလိုက်ပြီး စိတ်ဆိုးပြေဖို့ချော့ထားတာကြောင့် အလျော့ပေးဖို့ဆုံးဖြတ်လိုက်တော့တယ်..

"ရှောင်ပါးနဲ့ ဦးလေးကျန်းကောပြန်ရောက်ပြီလား.."

"ရောက်နေကြပြီ..."

"အဲ့တာဆို လက်ထပ်ပွဲစီစဥ်ကြရအောင်လေ...."

"ကောတို့ အလုပ်ကခုမှ transfer ပြောင်းလာတာလေ..တန်းပြီးခွင့်ယူရင်မကောင်းဘူးမလား..
နောက်ပြီး ဆရာဝန်မရှိတဲ့ဆေးခန်းကိုလဲ ထားခဲ့လို့မရဘူးလေ.."

"အဲ့တာဆို မောင်တို့က လက်မထပ်သေးဘဲဘယ်လောက်ကြာကြာနေရအုံးမှာလဲ..."

"ကိုကိုရေ......"ရှောင်ကျန့်ပြန်ဖြေမဲ့စကားက လီမင်တို့လာတာနဲ့ပြတ်သွားခဲ့သည်။

"လီမင် မင်းလာတာနဲ့အတော်ပဲ..
ငါ နေမကောင်းလို့ ငါ့အစားဆေးခန်းထိုင်ပေးပါလား.."

"မသနားဘူးဟေ့ကောင် ကိုယ့်ပါတူအိပ်ရေးပျက်ခံနိုင်လို့ တက်ကြွပြီး တစ်ညလုံးကြိုးစားခဲ့ပြီးပြီမလား..ခုမှ ဟန်ဆောင်ကာမူပိုမနေနဲ့..."

"မသနားဘူးလားချစ်သူငယ်ချင်းလေးကလဲ..ငါနေကောင်းရင်မင်းကိုတောထဲခေါ်သွားမလို့.
မင်းကြိုက်တတ်တဲ့ပျားရည်စစ်တွေပါသွားရှာလို့ရတယ်.."

"အေးကွာ ပြီးရော..မင်းကိုသနားလို့ကူညီတာနော်..ပျားရည်လိုချင်လို့ဖားတာမဟုတ်ဘူး..."

လီမင့်ကို ဆေးခန်းထိုင်ခိုင်းကာမှ လူနာကတစ်ယောက်မှမလာ..ဒီကောင်တော်တော်ကံကောင်းနေတာ..

"လာပါအုံး ကောရယ်.."ကျိရွှမ်းနဲ့စကားတွေဖောင်ဖွဲ့နေတဲ့ကောကို သူ့ရင်ခွင်ထဲလာဖို့ တောင်းဆိုလိုက်တော့.ကောကအလိုက်တသိ..ဝင်လာမယ်ထင်လား..
ကျိရွှမ်းရှိနေတယ်ဆိုတဲ့သဘောနဲ့ သူ့ကိုမျက်လုံးပြူးပြနေလေရဲ့.....

ရိပေါ်ကလဲ ဘယ်ရမလဲ..ကောအနားကိုသွားပြီး ရင်ခွင်ထဲ အတင်းထည့်ဖက်ထားလိုက်တော့တယ်...

Stand By Me. Where stories live. Discover now