Stand by Me. (12)

3.9K 337 13
                                    

"ရိပေါ် အထက်တန်းကို D (5) လုံးပါတာကြောင့်ဆေးကျောင်းမှီခဲ့တယ်
ကောကတော့ Male Nurse အနေနဲ့ ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေလေရဲ့...
ကျိရွှမ်းကတော့ ကျောင်းပြီးရင် သူ့ပါး company ကို ဦးစီးရမှာ ဖြစ်တာကြောင့် စီးပွားရေး major ကိုပဲယူခဲ့တယ်.....

ဆေးကျောင်းမသွားခင်တုန်းက ကောနဲ့သူ စကားတွေအများကြီးပြောဖြစ်ကြတယ်....
ကော ကတော့ ပြောပါတယ်... သူဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ဖို့အတွက်....
သူ့ဝါသနာက ကောဖြစ်စေချင်တဲ့ ကောဆန္ဒတွေကို အကုန်မဟုတ်ရင်တောင် တတ်စွမ်းသလောက်လေးဖြည့်ဆည်းပေးချင်တာ...

မှတ်မိပါသေးတယ်
သူအလယ်တန်းနှစ် ကောအထက်တန်း တက်နေတဲ့အချိန်တစ်​ေန့မှာ....
ကော က သူ့အဘွားကျန်းမာရေး မကောင်းလို့ သူ့အဘွားရှိရာ နယ့်မြို့လေးဆီကို လိုက်သွားဖို့အကြောင်းဖန်လာတယ်...
ပိတ်ရက်လဲ ဖြစ်တာကြောင့် ကျိရွှမ်းနဲ့ သူပါ ကောနောက်ကို လိုက်ခဲ့ကြတယ်....
နယ်မြို့ ကိုသွားရတယ်ဆိုပေမဲ့ အဲ့ကနေဆက်ပြီး အဘွားတို့ ရွာကို ခရီးဆပ်ရပြန်တယ်....

အဘွားနဲ့တွေ့ဆုံပြီး ပြန်ဖို့ပြင်နေတုန်း

"မိန်းမရယ် အဖြစ်ဆိုးလှချည်လား.....
ကို့ကို တစ်ယောက်ထဲမထားခဲ့ပါနဲ့
သားနဲ့ မင်းမရှိတဲ့ဘဝမှာ ကိုယ်မနေနိုင်ဘူး..."
ယောကျာ်းကြီး တန်မဲ့နဲ့ အော်ကြီးဟစ်ကျာ်ငိုနေရတဲ့ လူကြီးရဲ့ရင်ထဲမှာ ဘယ်လောက်တောင် ခံစားနေရတယ်ဆို တာတွေးတာကြည့်တော့....

"ဘွား သူတို့က ဘာဖြစ်လို့လဲ ဟင်....."

"သူတို့က ရွာပြင်မှာ ေနကြတာလေ
တစ်နေ့က သူတို့ သားအမိနှစ်ယောက် အပမှီလို့ ရွာက ပယောဂဆရာနဲ့ ကုနေတာ...
ပညာသည်က ဝါရင့်တော့ ဆရာလဲ မနိုင်ပဲ နှစ်ယောက်လုံး သွားရှာတာပဲ...
သနားစရာကောင်းလိုက်တာ...."

"သား သွားကြည့်ချင်တယ်...ဘွား..."

"သေပြီးသား လူကို သွားမကြည့်ပါနဲ့ကွယ်...
သားတို့လဲ ပြန်တော့မှာမလား သွားကြ တော့.."
အဘွားက တားနေပေမဲ့လဲ စူးစမ်းတတ်တဲ့ ရှောင်ကျန်ကတော့ ကားပေါ်တက်ချင်ယောင်ဆောင်ပြီး ခုနငိုနေတဲ့ လူတွေရှိတဲ့နေရာကို အပြေးသွားကြည့်မိတယ်...

Stand By Me. Where stories live. Discover now