Stand by Me. (38)

2.4K 199 9
                                    

"ရိပေါ် မင်းထတော့လေ.."တစ်ညလုံးအားကြိုးမာန်တက်ကြိုးစားခြင်းရဲ့ရလဒ်ကတော့ မနက်မထနိုင်တာပါပဲ..

"မောင်လို့ခေါ်.."

"မောင် မင်းထတော့ကွာ.."

"ထူပေး..."

"ကဲ ထ ထ..."

"Morning kiss ပေး"

"မွ မွ..."

"ကော ကျွန်တော့်ကို မချစ်ဘူး.."

"ဘာလို့လဲ မောင်ရယ်.."

"Kiss ပေးတာက စိတ်မပါလက်မပါနဲ့ နှစ်ခါထဲ.."

"ကဲ..ကောမှ လှုပ်ရှားလို့ အဆင်မပြေသေးတာ ရိပေါ်ရယ်..အခုတောင် မောင့်ကို အာဘွားပေးဖို့ ကိုယ်ကိုရွေ့နေရတာ နာနေပြီ.."တကယ်လဲဟုတ်ပါတယ်..ပတ်လက်အိပ်နေတဲ့ ရိပေါ်ကို အနမ်းပေးဖို့က ရှောင်ကျန့်အိပ်ရာကနေထပြီး အပေါ်မှာနေရာယူပြီးနမ်းနေရတာ..
လှုပ်ရှားလိုက်တိုင်းနာနေပေမဲ့..ရိပေါ်က သူလိုချင်တာမရရင် တစ်နေ့လုံးအိပ်ရာကထမဲ့ပုံမပေါ်တာကြောင့် လင့်အလိုလိုက်ကာ လင့်အကြိုက်ဆောင်နေရခြင်း..

"အားးး ချစ်လိုက်တာကောရာ.
ကောနမ်းလို့ အဆက်မပြေရင် ကျွန်တော်နမ်းပြီ.."ရှောင်ကျန့်ကို သူ့ကိုယ်ပေါ်မှာ ​နေရာယူစေပြီး နှစ်ကိုယ်တူကြည်ဖြူစွာ အနမ်းတိုက်ပွဲဆင်နွှဲနေလေရဲ့...

"မောင် ကျန်းမာရေးဟောပြောပွဲသွားရမှာဆို..
မနက်စောစောသွားမှ အပူသက်သာမှာ..
ထတော့နော်.."

"ဟုတ်.
ကော ဒီမှာနေခဲ့နော်..
မနေ့က အရှိန်နဲ့ ကောလိုက်နိုင်မယ်မထင်ဘူး.."

"မင်းချစ်သူက ယောကျာ်းလေးပါကွ
ဒီလောက်ကတော့အပျော့ပဲ.."

"ပျော့လား မာလား စမ်းကြည့်ရအုံးမလား.."

"တော် တော် ရိပေါ်..
မင်းရေချိူးပြီး ကောကို မျက်နှာသစ်ဖို့ကူပေး.."

"တစ်ယောက်တစ်လှည့်ချိုးနေရင် ကြာပါတယ်ကောရယ်..
အတူတူ ချုိးကြစို..."

"ရေပဲချိုးမှာနော် ရိပေါ်.."

"ဟုတ်ကဲ့ပါဗျာ ရေပဲချိုးမှာပါ..."ကောကိုသန့်ရှင်းရေးလုပ်ပေးပြီး သူပါတစ်ခါထဲရေချိုးလိုက်တော့တယ်..
နယ်မြို့ကလေးမို့ မြို့ကြီးမှာလို bathtab တွေဘာတွေမရှိ..
အုတ်ကန် ထဲကရေကို ခပ်ပြီး ကိုယ်ပေါ်လောင်းကာချိုးရတယ်..
ကောကို အောက်ကိုထိုင်ချိုးခိုင်းရင်လဲ နာနေမှာစိုးတာကြောင့်..
ကောကိုယ်ကို သူ့ပေါ်ထိုင်စေပြီး နှစ်ယောက်အတူတူရေလောင်းကာချိုးကြရတယ်..
တင်ပျဥ်ခွေကာ ထိုင်ထားတာကြောင့် ကော မက်မွန်သီးလေးက သူ့ခွေထားတဲ့ ခြေထောက်နှစ်ခုထဲကွက်တိကျလို့...

Stand By Me. Where stories live. Discover now