Stand by Me. (21)

3K 283 11
                                    

အလွယ်လေးပြောပြီး သူ့ကိုထားခဲ့ကာ အောက်ထပ်ဆင်းဖို့ပြင်နေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်ရဲ့ မကျေနပ်မှု levèl က အဆင့်တက်လာခဲ့တယ်....

ဒီကောင်လေးကို ချစ်တာကချစ်တာပဲ....
သူသည်းခံနေရင် ဒီကောင်လေးက တစ်သက်လုံးသူလုပ်ချင်တာလုပ်နေတော့မှာ....
သူဆုံးမမှ ဖြစ်တော်မယ်...ကိစ္စတစ်ခုကို အလွယ်လေးကျော်သွားလို့ရမလား...

"နေအုံး...."

"ဟုတ် ဘာလို့လဲ ကော..."အဲ့တာတွေပဲ... အဲ့လိုအကြည့်တွေကြောင့် ရှောင်ကျန့်မကျေနပ်ချက်တစ်ခုခုကိုပြောဖို့မောင်းတင်လိုက်ရင်...ရိပေါ်ရဲ့ အသံနဲ့မျက်နှာထားက ငါးနှစ်အရွယ်ကလေးတစ်​ယောက်လိုပြန်ဖြစ်သွားတာ...
အဲ့တော့ရှောင်ကျန့်ကပဲကလေးတစ်ယောက် အနိုင်ကျင့်နေသလို စိတ်ထဲမှာထင်လိုက်ရော...
တစ်ခုခုဆို ရိပေည်မျက်နှာ အဲ့လိုလုပ်လိုက်ရင် ရိပေါ်ကို ကလေးတစ်ယောက်လိုပဲသူ့စိတ်ထဲမှာထင်မိတော့တာ..

အဲ့တော့ ပြောမဲ့စကားတွေကလေထဲမှာ ပျောက်ကွယ်ပြီး...ဆန့်ကျင်ဘက်စကားတွေပဲပြောထွက်တော့တယ်...
တကယ်တော့ ရှောက်ကျန့်ပြောချင်တာက သူ့ကို love biteလုပ်လို့ ရိပေါ်ကိုလဲသူပြန်လုပ်ချင်တာ...

ပြောလိုက်တာက အဲ့စကားနဲ့ဆန့်ကျင်ဘက်....

"မျက်နှာ မသစ်ပဲ ဘယ်ကိုသွားမှာလဲ..တစ်ခါထဲသစ်သွား..."

"ဟုတ်....ရေပါတူတူချိုးကြမလား..."
အခွင့်အရေးလေးနည်းနည်းပေးလိုက်ရင် ရိပေါ်ကအများကြီးလိုချင်နေတတ်တာကို သတိမထားမိဘဲ..အလျော့ပေးမိတာသူ့အမှား....

အဲ့တာကြောင့်ရှေးလူကြီးတွေက ပြောတာ....ယောကျာ်းနဲ့နွား မသနားနဲ့တဲ့...

သနားမိတဲ့အကျိုးရလဒ်က ရိပေါ်နဲ့အတူတူရေချိုးလိုက်ရခြင်းပါတဲ့.....

ရေချိုးခန်းထဲက တစ်ချက်တစ်ချက် ရိုက်ခံလာတဲ့ ညည်းသံအချို့ရယ်...တစ်စုံတစ်ယောက်ရဲ့...ဆဲရေးတိုင်းထွာနေတဲ့အသံလေးရယ်...တစ်ကြိမ်ထဲအားမရလို့...ေနာက်တစ်ခေါက်ခွင့်ပြုပေးပါလို့တောင်းဆိုနေတဲ့အသံလေးရယ်...က...ရေကျသံ နဲ့အတူတူ စည်းချက်ညီညီ ထွက်ပေါ်လာလေရဲ့........

Stand By Me. Tempat cerita menjadi hidup. Temukan sekarang