Stand by Me. (32)

2.3K 220 10
                                    

ထွက်ခွာသွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူမှာ ဘယ်သူကပိုခံစားရမလဲဆိုတဲ့ အတွေးမျိုး ရှောင်ကျန့်မတွေးဖြစ်ခဲ့..

ဘာလို့လဲဆို အချစ်တွေသာ ထပ်တူကျရင် သာတယ်နာတယ် ပိုတယ် လိုတယ် ဆိုတာမရှိဘူးမလား....

ငါလွမ်းသလိုမင်းလဲလွမ်းနေတယ်ဆိုတာ တွေးမိတော့ မင်းအတွက်ပိုစိတ်မကောင်းဖြစ်မိတဲ့ ငါ့ခံစားချက်လေးကတော့ သာမယ်ထင်တယ်..

ကောမင်းကိုလွမ်းနေတဲ့အကြောင်းကို ကျိရွှမ်းရော လီမင်ကော ပါးနဲ့မား တို့ကို ရင်ဖွင့်လို့ရပေမဲ့..မင်းကျတော့ မရင်းနှီးတဲ့လူတွေကြား ရင်ဖွင့်စရာလူရှိမှာ မဟုတ်ဘူး..
ခံစားချက်တွေကို သိုဝှက်မထားတတ်တဲ့မင်း ဘယ်လောက်တောင် အခက်တွေ့နေလိမ့်မလဲ...

ရိပေါ် မင်းသွားပြီး နှစ်ပတ်ကြာတော့ ကောဆီကိုစာတစ်စောင်ရောက်လာတယ်...
လမ်းပန်းဆက်သွယ်ရေးကလွဲလို့ အားလုံးအဆက်ပြေတယ်လို့ ပြောလာတဲ့မင်းကြောင့် ကောမှာ ဝမ်းနည်းဝမ်းသာဖြစ်ရသေးတယ်..
ဝမ်းသာတာက မင်းအစစအရာရာအဆင်ပြေလို့...
ဝမ်းနည်းတာက ဆက်သွယ်ရေးမကောင်းတော့ ကောနဲ့မင်းတွေ့ဖို့အခွင့်အရေးနည်းသွားလို့...

မင်းကောကလေ အရာရာမှာ လူတိုင်းကို အလျော့ပေးလိုက်လျောတတ်ပေမဲ့ မင်းနဲ့ပတ်တတ်ရင် လောဘကြီးတယ်...

မင်းအရာအားလုံးအဆင်ပြေတာကိုသိပေမဲ့ အဆင်မပြေတဲ့လမ်းခရီးကြောင့် အပြည့်အဝပျော်မပေးနိုင်တဲ့ကောက အတ္တကြီးလိုက်တာနော်...

ကဲအခုတော့ မားက ညစာစားဖို့ခေါ်နေပြီ..သွားလိုက်အုံးမယ်နော်.. ပြောဖို့မေ့နေတာ မင်းသွားတဲ့နေ့ထဲက ကောဆေးရုံကပေးတဲ့အဆောင်မှာမနေတော့ပဲ အိမ်ကိုပြန်လာနေတာ...

အလွမ်းတွေကို ဒိုင်ယာရီလေးသက်သေထားပြီး မင်းအမှတ်နဲ့ တိုင်တည်ရင်ဖွင့်ခဲ့တယ်...
အလွမ်းတွေ တကယ် စစ်မှန်ခဲ့ရင် Candy ရဲ့မောင် အစစအရာရာ အဆင်ပြေပါစေ......

"ဆရာရှောင်းအတွက် မုန့်လေး ယူသွားပေးပါနော်.."

"တစ်ယောက်ထဲတော့ ကွက်မပေးပါနဲ့ဗျ..စားစေချင်ရင် သူနာပြုနားနေခန်းကို လာပေးနော်..
ကျွန်တော်တစ်ယောက်ထဲယူလိုက်ရင် မကောင်းဖြစ်မှာစိုးလို.."
လူနာစောင့်တစ်ယောက်က ရှောင်ကျန့်တစ်ယောင်ထဲကိုကွက်ပြီး ပေးနေတာကြောင့်အလိမ္မာသုံးပြီး ငြင်းလိုက်ရသေးတယ်.

Stand By Me. Where stories live. Discover now