Stand by Me. (36)

2.4K 192 6
                                    

"ဆရာလေးတို့အဖွဲ့ဒီဘက်ထွက်သွားတာသေချာရဲ့လား"

"သေချာတယ် သူကြီး.."သူကြီးနဲ့ရွာသားတွေလဲ အချိန်ကြာကြီးမှောင်နေတဲ့အချိန်ထိ ပြန်မလာကြသေးတဲ့ဆရာလေးတို့အဖွဲ့ကိုတောနင်းရှာနေကြလေရဲ့..
ဆရာလေးတို့တောထဲမှာလျှောက်လည်ကြဖို်ဆိုပြီး သူ့ဆီကိုခွင့်လာတောင်းပေမဲ့ သူမရှိတဲ့အချိန်မို့ မိန်းမက လဲ ဆရာလေးတို့သွားဖို့ကိုခွင့်ပြုပေးလိုက်တယ်..
သူသာရှိရင် ဆရာလေးတို့နောက်ကို လမ်းပြတစ်ယောက် ထည့်ပေးလိုက်မိမှာ..
ခုတော့.....

တစ်ဖက်တွင်တော့..

"ကျန့်ကော..."

"အမလေးးးး"ပျားကမျက်နှာအနှံ့ တုပ်ထားတာကြောင့် ကျိရွှမ်းနဲ့ လီမင့်ရဲ့မျက်နှာက ယောင်ကိုင်းလို့..

"မလန့်ပါနဲ့ဗျာ..ရိပေါ်အတော်လေးခံရမှာ..
ကျွန်တော်တို့လဲ ဘယ်လိုအိပ်ပျော်သွားမှန်းမသိဘူး..အဲ့မြေပြင် ကမ္ဗလာမှာ ခြုံစရာသစ်ရွက်နဲ့ ဓာတ်ကျသွားတယ် ထင်ပါရဲ့..ခုဘယ်လိုနေသေးလဲ.."

"မင်းတို့ကိုငါအော်ခေါ်နေတာ လိပ်ခေါင်းပါမဟုတ်ဘူး အူပါအခွေလိုက်ထွက်ကျတော့မှာ..အရေးအကြောင်းဆို အားကိုးလို့မရတဲ့ကောင်တွေ.."

"ကျွန်တော်တို့လဲ နစ်နာတဲ့သူတွေပါနော် ကျန့်ကော..
ရိပေါ်သာ လူတတ်ကြီးမလုပ်ပဲ ပျားအုံကိုသွားမထိရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး.."

"ဘယ်သူစားချင်တယ်ပြောလို့ အန္တရယ်ကို သတိမပြုဘဲ လုပ်ပေးတာလဲပြော.."

"ကဲတော်ကြပါတော့ဗျာ..ရိပေါ်ကိုဘယ်လိုလုပ်ကြမလဲ.."

"မပူနဲ့တော့ အနားမှာ အဆိပ်ဖြေရွက်တွေ့လို့တိုက်ထားပေးလိုက်တယ်.."

"ကျွန်တော်တို့ကိုကော..."

"အဆိပ်ပြေလို့ သက်သာပြီးလမ်းတောင်လျှောက်နိုင်နေကြပြီမလား...သောက်ဖို့မလိုတော့ဘူး.."

"ဒါဆို ကျွန်တော်တို့ပြန်ကြရအောင်လေ.."

"ပြန်ချင်ပေမဲ့ လမ်းကမမှတ်မိတော့ဘူးကွ..ရိပေါ်နှိုးမှ ပြန်ထွက်လို့ရမှာ.."

"ဆရာလေးတို့ ဆရာလေးတို့ ဒီနားမှာ ရှိကြလားဗျ.."

"ရှိပါတယ်ဗျ..."သူတို့ကိုခေါ်နေတဲ့အသံတွေကြားတာကြောင့် ရှောင်ကျန့်လဲပြန်အသံပြုလိုက်တယ်..
မီးတုတ်ကိုင်ထားတဲ့လူတစ်စုက သူတို့အနားကိုရောက်လာကြလေရဲ့...

Stand By Me. Where stories live. Discover now