Stand by Me. (29)

2.3K 218 6
                                    

ရှောင်ကျန့် ခင်မျာတော့ အိပ်ချင်လို့ သမ်း တာတောင်လွတ်လွတ်လပ်လပ် မသမ်းရဲတဲ့ဘဝ..

ရိပေါ်ကအတူနေတာကြာလာလေလေ သူ့အပေါ်အူတိုမှုက ပိုတိုးလာလေလေပဲ..

ဟိုနေ့ကလဲ Night duty မှာ တစ်ညလုံးမအိပ်ရတာကြောင့် Day duty သမားနဲ့ duty change နေတဲ့အချိန် အရမ်းအိပ်ချင်လာတာကြောင့် သမ်းမိတာ..

အဲ့တာကို ကိုအူပုတ်က day duty သမားကိုကျန့်ကောကမျက်စိမှိတ်ပြလို့ အပြစ်ပေးရမယ်ဆိုပြီး တစ်ညလုံးနှိပ်စက်လိုက်တာ လူလဲမျော့မျော့ပဲကျန်တော့တယ်..

ခင်များတို့လဲ သမ်းရင် မျက်လုံးမှိတ်သွားတာပဲမလား..
စောက်ကလေးက သမ်းတာကြောင့် မျက်လုံးပိတ်သွားတာကို အထာပေးပြီး မျက်လုံးမှိတ်ပြတယ်ဆိုပြီးစွတ်ဆွဲနေတာ..

အိပ်ချင်လို့ သမ်းလိုက်တာကြောင့် မျက်လုံးပိတ်သွားတာ.. Day သမားကိုအထာပေးပြီးမျက်လုံးမှိတ်ပြတာလုံးဝမဟုတ်ပါဘူးဆိုတဲ့
အ​ကြောင်းအရင်းကို ရှင်းပြလိုက်တော့ ပေးလာတဲ့ရာဇသံက အခြားသူတွေရှေ့မှာ မသမ်းမိအောင်နေဖို့တဲ့လေ...
ရှောင်ကျန့်တဲ့ ဘာမှတ်နေလဲ ကိုယ့်ထက်ငယ်တဲ့မလောက်လေးမလောက်စားကောင်လေးပြောတဲ့စကားကို....
နာခံပစ်လိုက်တယ်..စောက်ကလေးက ကိုယ့်ကို ချစ်လို့သဝန်တိုပြီး ပေးလာတဲ့ရာဇသံမလို့..

ဆရာဝန်ကြီးတွေ Round လှည့်နေတာကြောင့် ရှောင်ကျန့်ကော ရိပေါ်ပါ နောက်ကလိုက်ပြီး လူနာအခြေအနေအသေးစိတ်ကို တင်ပြပေးရတယ်..

ရိပေါ်ရှိတဲ့အချိန်ဆို မျက်တောင်ကိုတောင်ရဲရဲမခတ်ရဲတော့....

"ရိပေါ် ဆရာမေးတာကြားလား.."

"ဗျာဆရာ သူ့ရဲ့ Vital'sign (သွေးပေါင်ချိန်)က 160/100mmmg ရှိနေလို့ သွေးကျဆေးပေးထားတယ်..."အာရုံက တစ်နေရာရောက်နေတာကြောင့် ဆရာမေးလိုက်တာကို သေချာမကြား...
အားကိုတစ်ကြီးနဲ့ကောကို ကြည့်လိုက်တော့မှ VSဆိုပြီး ပါးစပ်လေးလှုပ်ပြတာကြောင့်သာ သက်သာသွားတာ..
မဟုတ်ရင် သူအမှတ်လျော့ခံရတော့မလို့...
အဲ့အဒေါ်ကြီးရဲ့ လူနာစောင့်က ကောကို တစ်ဖြီးဖြီးနဲ့ရယ်ပြလိုက် မျက်လုံးမှိတ်ပြလိုက်လုပ်နေတာ သူတို့ လူနာခန်းထဲစဝင်ထဲကပဲ.....
ကောက သူ့အပိုင်ဆိုတဲ့အကြောင်း ကို ဒီလူကြီးသိဖို့လိုနေပြီ....

Stand By Me. Where stories live. Discover now