Stand by Me. (2)

5K 548 15
                                    

ရှောင်ကျန့် ကျိရွှမ်းအခန်းထဲကို ပြန်ဝင်လာတော​့ ကိုယ်တော်ချောက ကုတင်ပေါ်မှာ ငုတ်တုတ်

"ကျိရွှမ်း ဘာလုပ်နေတာလဲ"

"မားကိုစောင့်နေတာ "သြော် ဟုတ်ပေသားပဲ
ဒီအရွယ်က ဘယ်လိုလုပ် ကိုယ်ပါတူ လုပ်တတ်ကိုင်တတ်အုံးမှာလဲ
ဘေးက ကူပေးမှ ရမှာပေါ့
ဒါပေမဲ့ တစ်ယောက်သောသူကတော့ အရွယ်နဲ့မလိုက်အောင် အကုန်တတ်နေတာတော့ မခက်ပေဘူးလား

"ကိုကို ကိုကို "

"သြော် အင်း ဘာလဲ"

"သားခေါ်နေတာတောင် မကြားနိုင်လောက်အောင်ဘာတွေ တွေးပြီး ပြုံးစိစိဖြစ်နေတာလဲ"

"အင်း ကျိရွှမ်းလေးက ဘာပြောချင်လို့လဲ"

"မား မအားရင် သားကို သန့်ရှင်းရေးလုပ်ပေးပါလားလို့"

"အလကားတော့မရဘူး ဒီမနက်စာကို ကိုကို မင်းတို့အိမ်မှာစားမှာနော်"

"ကိုကိုကလဲ သူစိမ်းစကားတွေက ပြောတော့မယ်
သားကို သန့်ရှင်းရေးမလုပ်ပေးလဲ စားလို့ရပါတယ်နော်"

"လူတတ်ကလေး"ချစ်စနိုးနဲ့ ကျိရွှမ်းခေါင်းလေးကိုပုတ်ပေးနေတုန်း တံခါးကနေဖြတ်သွားတဲ့အရိပ်ကလေးတစ်ခု

ကျိရွှမ်းကို မျက်နှာသစ်ရေမိုးချိုးပြီး ကျောင်းဝတ်စုံလေးလဲပေးကာ အိမ်အောက်ထပ်သို့ဆင်းလာခဲ့တော့တယ်
မဆင်းခင် ပေါ်တိလေးအခန်းကိုကြည့်လိုက်တော့ တံခါးပိတ်လျှက်သားလေး
ဒီကောင်လေး အောက်ရောက်သွားပြီနေမှာ

"သား ကျိရွှမ်းလေး ဒီမှာ သားကြိုက်တဲ့ ကြက်ဥလိပ်ကြော်"

"ဟုတ် မား"

"သား ကျန့်လေး ထည့်စားနော်သား "

"ဟုတ်ကဲ့ အန်တီဝမ်"ရှောင်ကျန့် ကြည့်ရတာ အန်တီဝမ်က ရိပေါ်လေးကို သိပ်ဂရုမစိုက်တဲ့ပုံ
ခုပဲကြည့် ကျိရွှမ်းကို ဂရုတစ်စိုက်နဲ့အစာကျွေးနေသလောက် ရိပေါ်ကိုတော့ ဖုတ်လေတဲ့ငါးပိရှိတယ်လို့ပင်မထင် ပြုမူနေလေရဲ့

"ကျန့်ကျန့် သားလေး ရိပေါ်ကို ဂရုစိုက်မနေနဲ့ သူကအဲ့လိုပဲ အစားအသောက်က ဂျီးတအားများတာ"
မနက်စာကို တို့ကနန်း ဆိတ်ကနန်း စားနေတဲ့ ရိပေါ်ဆီ ရှောင်ကျန့်အကြည့်ကရောက်သွားတာမို့ အခုလိုပြောလိုက်ခြင်း

Stand By Me. Where stories live. Discover now