Stand by Me. (11)

3.9K 376 23
                                    

ရှောင်ကျန့် နေနိုင်တယ်လို့ ဘယ်လောက်ပဲတွေးထားတွေးထား ညနေရောက်တဲ့ အထိ သူ့ဆီကိုလာမတွေ့တဲ့ ရိပေါ်ကြောင့် ဘယ်လိုမှ နေလို့မရတော့

ရိပေါ်က ဘာဖြစ်သွားရတာလဲ
တစ်ခုခုဖြစ်တယ် မကျေနပ်တာ ဘာညာရှိရင်လဲသူ့ကို ပွင့်ပွင့်လင်းလင်းပြောပေါ့...
ခုတော့ ရိပေါ်ဘာဖြစ်နေမှန်းမသိလို့ သူလဲ ဘယ်လိုပြောရမှန်းမသိ.....

"သား ဘယ်သွားမလို့လဲ......"

"ဦးလေးကျန်းတို့နဲ့ မတွေ့တာကြာလို့ သွားတွေ့မလို့..."

"သြော် အေး အေး...
မင်းမားက မင်းကြိုက်တဲ့ ဟင်းတွေချက်ထားတာ
ညစာစားချိန်အမှီပြန်လာခဲ့နော်....."

"ဟုတ်ကဲ့ ပါး...."

ရိပေါ်ဆီသွားချင်လို့မဟုတ်ဘူးနော်
ဦးလေးနဲ့ အန်တီကိုမတွေ့ရတာကြာလို့ သွားတွေ့မလို့.....

"ဟော် သားကျန့် လာပြီလား...
အန်တီက သားကြိုက်တဲ့ဟင်းလေးတွေချက်ထားတယ်
ညစာစားပြီးမှပြန်...
ကျောင်းတက်ရတာကော အဆင်ပြေရဲ့လား..."

"ဟုတ် ပြေတယ်အန်တီ... "သူမကို ပြောနေပေမဲ့ မျက်လုံးတွေကတော့ အိမ်က လူတစ်ယောက်ကိုရှာနေတာ အသိသာကြီး....

"ကျိရွှမ်းက မားစျေးသွားဝယ်ခိုင်းလို့သွားဝယ်နေတယ်
ရိပေါ်ကတော့ သူ့အခန်းထဲမှာ နေမယ်"

"ဟုတ်ကဲ့မား သားသွားတွေ့လိုက်အုံးမယ်...."

"ရိပေါ် ကျိရွှမ်းဘယ်သွားလဲ..."ကျိရွှမ်း ဘယ်သွားလဲဆိုတာသိပေမဲ့ ရိပေါ်ကို ဘာစကားက စပြောရမလဲဆိုတာ မသိတာကြောင့် ကျိရွှမ်းကို cover လုပ်ပြီးမေးလိုက်ရတယ်...

"အောက်မှာ ရှာလို့မတွေ့ရင် မားခိုင်းထားတဲ့နေရာသွားလို့နေမှာပေါ့...."

"ရှောင်ကျန့် ကျွန်တော်ဘာဖြစ်နေလဲကော သိလား"

"မင်းမပြောပဲနဲ့ ငါက ဘာကိုသိရမှာလဲ..."

"အဲ့ဒါပဲ ကောစိတ်ထဲမှာ ကျွန်တော်တကယ်မရှိပါဘူး..."

"ရိပေါ်ရယ် ရစ်စရာမရှိတာကို ကြံဖန်ရစ်နေတာ...
မင်းဘာဖြစ်နေလဲ ပြောမှသိမှာပေါ့
နောက်ပြီး ငါ့ကို ဘယ်လောက်စိတ်ဆိုးစိတ်ဆိုး နာမည်တပ်မခေါ်နဲ့..."

Stand By Me. Where stories live. Discover now