Stand by Me. (5)

4.6K 478 18
                                    

ကျိရွှမ်း ပြောတဲ့ ပုံကိုကြည့်ရတာ အတည်ကြီး သူနဲ့ရိပေါ်ကို ပြန်မပြေလည်စေချင်သလိုကြီး ပြောနေတာ

"ကျိရွှမ်း ညီအကိုချင်းတွေကို အဲ့လိုမပြောရဘူးလေ
ကောတို့ အဆင်မပြေဖြစ်နေတာကို ကျိရွှမ်းလေးက ပြန်ပြေလည်အောင်လုပ်ပေးရမှာ မဟုတ်ဘူးလား"

"ကိုကိုကလဲ သူနဲ့ကိုကို ပြန်မခေါ်တော့မှ ကိုကို့အချစ်တွေက သားတစ်ယောက်ထဲအပေါ်မှာပဲ သက်ရောက်တော့မှာလေ"

"ကိုကိုက နှစ်ယောက်လုံးကို အတူတူချစ်ပြီးသား
ညီအကိုချင်း အဲ့လိုစိတ်ဝမ်းကွဲတာမျိုးကိုလဲ သဘောမကျဘူး
ကျိရွှမ်း အဲ့လိုစိတ်မျိုးထားနေရင် ကိုကိုက ကျိရွှမ်းကိုပါမခေါ်တော့ပဲနေလိုက်မှာ"

"ဟီးးး ကိုကိုကလဲ သားက စတာပါဗျ
ဟိုကောင် ရိပေါ် ခုချိန်ဆို လည်ပင်းက သစ်ကုလားအုတ်လောက်ဖြစ်နေလောက်ပြီ
မြန်မြန်သွားကြစို့"

"ကိုကို ခဏစောင့်အုံးနော်
သား သူငယ်ချင်းနဲ့ ဖုန်းပြောလိုက်အုံးမယ်"ရှောင်ကျန့် ရိပေါ်တို့အိမ်ရောက်တော့ မောင်မင်းကြီးသားက မီးဖိုခန်းမှာ အလုပ်ရှုပ်နေလေရဲ့
ရှောင်ကျန့်လဲ မသိချင်ယောင်ဆောင်လို့ဧည့်ခန်းမှာပဲ ထိုင်နေလိုက်တော့တယ်

"ကျန့်ကော..."

"ကျန့်ကော...."

"ပေါ်တိလေးရဲ့ ကျန့်ကျန့်.."ရိပေါ်ဘယ်လောက်ခေါ်ခေါ် သူပြန်မထူးဖို့ဆုံးဖြတ်ထားတယ်
ဘာလို့ဆို သူချော့တာခံရဖို့ကို ကိုယ်ကအိမ်တိုင်ရာရောက်လိုက်လာပေးရတဲ့အဖြစ်ကြောင့်
ဒင်းက ေရှာင်ကျန့်အိမ်လိုက်လာပြီး​တောင်မချော့နိုင်ရအောင် ဘာတွေ အလုပ်ရှုပ်နေတယ်မသိ

သူ့အတွေးနဲ့အတူ အလုပ်ရှုပ်နေတဲ့ရှောင်ကျန့်က သူ့အနောက်ကို လာရပ်တဲ့သူကို သတိမထားမိ

နောက်ကနေ သိုင်းဖက်ခံလိုက်ရတာကြောင့် ရှောင်ကျန့်ကိုယ်လေးတွန့်ခနဲဖြစ်သွားတယ်
နောက်တော့ တစ်ဖြေးဖြေးနဲ့ လက် အကြီးကြီးတွေက သူ့အင်္ကျီအောက်ကိုပါ လျှိုဝင်လာတာကြောင့်အတင်းရုန်းနေမိတော့တာပဲ

ရိပေါ်လုပ်နေတဲ့ပုံစံက ရှောင်ကျန့်စကားပြန်မပြောလို့မဖြစ်တော့တဲ့အခြေအနေ
ဒီကလေးကို နောက်သူ့ကို စိတ်မဆိုးရဲအောင် သူကပြန်စိတ်ကောက်ပြပြီး ပညာပေးမလို့ပါဆို

Stand By Me. Where stories live. Discover now