တမာတွေပွင့် မိုးတွေဝင့်လို့..သဇင်ပွင့်ဖူးဆောင်းဦးကျော်ကာ နွေဦးတဖန်ရောက်လာပြန်ပြီ..
"အော့ ဝေါ့ ဝေါ့..."
"ရိပေါ်ဘာဖြစ်တာလဲ..အစာမကျေတာများလား.."
"မဟုတ်ဘူးကော..အလိုလိုကို အန်ချင်နေတာ..
ခေါင်းမူးနေလို့ blood pressure တိုင်းကြည့်တော့လဲပုံမှန်ပဲ..""အဲ့တာဆို ကော သံပုရာရည်လေးဖျော်ပေးမယ်..
သောက်မလား..""ဟုတ်ကဲ့ ကော.."ကောဖျော်ပေးတဲ့ သံပုရာရည်လေးကိုသောက်လိုက်တော့မှ အန်ချင်တဲ့စိတ်ကနည်းနည်းသက်သာသွားတော့တယ်..
"ဆရာလေးတို့ မြို့က စာကြုံပါးလိုက်တယ်.."ရွာခံလူတစ်ဦးမြို့တက်တာမို့ ပါးတို့က သူတို့အတွက်စာရေးပေးလိုက်တာနေမယ်..
ဖုန်းလိုင်းမမိတာကြောင့် စာနဲ့သာ ဆက်သွယ်မှုပြုလုပ်နေကြရတယ်.."စာထဲမှာ ဘာတွေရေးထားလို့လဲကော.."
"နောက်တစ်လလောက်နေရင် ပါးနဲ့မားရယ်..ဦးလေးကျန်းနဲ့ အန်တီကော ဟိုနှစ်ကောင်ပါဒီကိုလာမယ်တဲ့.."
"မောင်တို့ကို လက်ထပ်ပေးမလို့တဲ့လား.."
"ဟုတ်တယ်.."
"ပျော်လိုက်တာ ကောရယ်..အော့ ဝေါ့ ေဝါံ.."
မျက်ရည်တွေဝဲကာ ခဏခဏ အန်နေတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်ကျန့်လဲစိတ်မကောင်း..
အစားမှားပြီး ဓာတ်မတည့်တာဘာညာဖြစ်နေလားဆိုပြီး.ကိုယ်ခန္ဓာ ကိုစစ်ဆေးကြည့်တော့လဲ အကောင်းတိုင်းကြီး..
ခြေတွေလက်တွေမှာ ဓာတ်မတည့်တဲ့လက္ခဏာ ဖြစ်တဲ့အဖုအပိန့်တွေ ထွက်ဖို့နေနေသာသာ ခြင်ကိုက်ရာတောင်မရှိ..ရိပေါ်ကျောပြင်လေးကို ဖြေးဖြေးချင်းနှိပ်ပေးနေရင်း.အန်တာသက်သာအောင် ပြုစုပေးနေလိုက်တော့တယ်..
အရင်က သူ့လက်ရာဆို မြိန်ရေ ယှက်ရေစားတဲ့ကလေးက အခုဆို တို့ကနန်း ဆိတ်ကနန်းလောက်သာ စားလေရဲ့...
ရိပေါ် ဘာစားချင်လဲလို့မေးလီုက်ရင်..တောင်းတဲ့အစားအစာတွေက အချဥ်တွေ အစပ်တွေ..
ဘယ်တုန်းက အဲ့လိုအစားစာတွေစားဖူးလို့လဲ.."ဆရာလေး ဆရာလေး.."
"ရွာလူကြီးပါလားဗျ..
အိမ်ထဲကြွခဲ့ပါ.."
YOU ARE READING
Stand By Me.
Fanfictionကိုကို ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ကိုပဲရွေးချယ်ပါဆိုရင် ကိုကို ဘယ်သူ့ကိုရွေးမလဲ #Wang Yi Bo. 💚💚 မင်းတို့နှစ်ယောက်လုံး ငယ်ငယ်လေးထဲက ငါ့လက်ပေါ်မှာကြီးပြင်းလာခဲ့ကြတာ နှစ်ယောက်လုံးကို သံယောဇဥ်ရှိပြီးသားမို့ဖြေရခက်တဲ့မေးခွန်း...