Stand by Me. (28)

2.4K 227 16
                                    

ရာသီအလီလီပြောင်းနေပေမဲ့ ကောနဲ့သူ့ရဲ့ချစ်ခြင်းကတော့ မ​ပြောင်းမလဲတည်ရှိနေပြီး တစ်နေ့ထက်တစ်နေ့အချစ်တွေပိုတိုးလာခဲ့တယ်...

ဆေးကျောင်းနောက်ဆုံးနှစ်မှာ ကောတို့ဆေးရုံကိုသူတို့ house ဆင်းရတယ်...
Final ကျောင်းသားတွေမို့ လက်တွေ့လေ့ကျင့်ဖို့အတွက် ဆေးရုံအသီးသီးမှာ တာဝန်ယူကြရတယ်..

သူကံကောင်းတာက သူတာဝန်ယူရတဲ့ Ward(လူနာဆောင်)က ကောတာဝန်ကျနေတဲ့နေရာ...

စာတွေ ဘယ်လောက်ရရ လက်တွေ့လုပ်ဖို့ရာကျတော့ သူတို့ထက် အတွေ့အကြုံများတဲ့သူတွေဆီက ပြန်သင်ရတာပါပဲ..
ပညာသင်ခါ မရှက်ရာတဲ့...ရိပေါ်က သူ့ကိုယ်သူဆရာဝန်လောင်းလျာဆိုပြီး မာနကြီးတစ်ခွဲသားနဲ့မနေ..
သူမသိရင် မသိတဲ့အကြောင်းပြောပြီး senior တွေဆီက သင်ယူနေတာကြောင့် စာတွေ့ကောလက်တွေ့ပါ အခြားအတန်းဖော်တွေထက် သူက ပိုကျွမ်းကျင်တယ်လို့ ဆရာ က ချီးကျူးတတ်တယ်....

အဲ့တာကောဆုံးမတဲ့စကားလေးကြောင့်လေ..
စာအုပ်ထဲက စာတွေက သိစေချင်လို့ထည့်ပေးထားတာ..အရေးမကြီးဘူးဆိုပြီး ကျော်သွားလိုက်ရင် အခက်အခဲကြုံတဲ့အခါ ဖြေရှင်းဖို့ခက်တတ်တယ်တဲ့
ဥပမာ.ရောဂါတစ်ခုအကြောင်းဆိုကြပါအုံးစို့..ပလိပ်ရောဂါ..အခုဆိုမရှိသလောက်ဖြစ်နေတာမို့..ဒီလက္ခဏာတွေ ကုထုံးတွေကို အရေးမကြီးပါဘူးဆိုပြီးကျော်သွားလိုက်ရင် တကယ်ကြုံတွေ့လာတဲ့အချိန် ဘာမှမသိပဲနေမှာစိုးလို့...
မသိတဲ့ဆရာဝန်ကို အားကိုးရတဲ့လူနာတွေအနေနဲ့လဲနစ်နာစရာပဲမလား...

"ဆရာ Ryle'tube feeding (အစာမစားနိုင်လို့ အစာအိမ်ထဲကို ပိုက်ထည့်ပြီး အစားဝင်အောင်လုပ်တဲ့နည်း)ရှိတယ်..
ဆရာ třy ကြည့်မလားလို့.."

"ဟုတ်ကဲ့ ကော..."Male'nurse uniform လေးနဲ့ကောက ချစ်စရာအတိ..
ကောကိုယ်မှာ စွဲနေတဲ့ ဆေးနံ့လေးတွေက ကို ရိပေါ်အတွက် စွဲဆောင်မှုတစ်ခု..
အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကောက ကျွန်တော့်ကိုဆေးရုံမှာဆရာလို့ပဲခေါ်တာဗျ..
နာမည်ပဲခေါ်ပါလို့ ဘယ်လောက်ပြောပြောမရ..
အကြီးတစ်ယောက်က ရိပေါ်ကိုမလေးမစားနဲ့နာမည်ခေါ်ရင် ကျန်တဲ့ လက်အောက်ငယ်သားတွေကပါ ရိပေါ်ကိုမလေးစားမှာစိုးလို့တဲ့..

Stand By Me. Where stories live. Discover now