Stand by Me. (33)

2.4K 226 18
                                    

အဝတ်အစားတွေချွတ်ပြီး ရေချိုးခန်းထဲတန်းဝင်သွားတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်ကြောင်အစွာ ကျန်ခဲ့တော့တယ်...

အခုရိပေါ်ကို သူရောက်နေတာကို ဂရုမစိုက်တဲ့သဘောလား...

နေပါစေ ထွက်လာမှ အပြီအပြင်စိတ်ကောက်ပြမယ်...

"ကျန့်ကော အရိပ်တို့ ရေ ကျွန်တော့်ကို ပိုလွမ်းအောင်ပြုစားနေရော့သလား..
လွမ်းလွန်းလို့ နေရာတိုင်းမှာ ကျန့်ကောပုံရိပ်တွေထင်ကျန်နေပြီ....
ကောရေ့ ကောရဲ့..အရမ်းလွမ်းနေပြီ...."ရေချိုးပြီးထွက်လာတဲ့ရိပေါ်က သူ့ကို အရိပ်ထင်ပြီး အနားလဲကပ်မလာပဲ စကားတွေတစ်တွတ်တွတ်ပြောနေလေရဲ့...

ရှောင်ကျန့်လဲ စချင်လာတာကြောင့် စကားမပြောပဲ ရိပေါ်လှုပ်ရှားသမျှကို အသာလေးကြည့်နေလိုက်တော့တယ်...

"ပုံရိပ်ဆိုရင်​တောင် ကောကိုအခုလိုလေးမြင်နေခွင့်ရလို့အရမ်းကျေးဇူးတင်ပါတယ်..."သူ့ဆီရောက်လာပြီး သူ့ပေါင်ပေါ်ကို ခေါင်းအုံးလိုက်တဲ့ရိပေါ်...

နောက်တော့ ဗြန်းခနဲထပြီး သူ့ကို အံ့သြတစ်ကြီးကြည့်လာတဲ့ရိပေါ်...
မျက်ဝန်းမှာ နှင်းငွေ့တွေ သိုင်းဖွဲ့ပြီး သူ့ကို စကားတစ်ခွန်းမှ မဆိုဘဲ မယုံကြည်နိုင်စွာငေးကြည့်နေတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်လက်က ရိပေါ်ခေါင်းလေးကို ဖွဖွလေးပွတ်ပေးနေမိတယ်..

"နောက်ဆို ပုံရိပ်ရောင်တွေနဲ့ အလွမ်းတွေဝေစရာမလိုတော့ဘူး..
လူတစ်ယောက်လုံးမင်းအနားရောက်လာပြီမို့ ကောကိုကြည့်ပြီး လွမ်းခဲ့ရသမျှအတိုးချပြီး အလွမ်း​ဖြေလို့ရပြီ.."

"ကော...ဒီ...အပြီး...မခွဲ,. .."စိတ်တွေအရမ်းလှုပ်ရှားနေတဲ့ရိပေါ်က စကားလုံးတွေအစီအစဥ်မကျစွာထွက်ပေါ်လာလေရဲ့
ချစ်သူတွေချင်းမို့ ရိပေါ်ပြောတဲ့စကားတွေကို သူနားလည်ပါတယ်..

"ကော ဒီကို transfer နဲ့လာတာ..မင်းနဲ့ပဲ အပြီးနေတော့မှာ..ဘယ်တော့မှ မခွဲတော့ဘူး..."အခုချိန်ထိ မယုံရဲစွာကြည့်နေတဲ့ ရိပေါ်ကို သက်သေပြဖို့အကောင်းဆုံးနည်းလမ်းက နှုတ်ခမ်းလေးကို ငုံထွေးလိုက်တာပါပဲ

Stand By Me. Where stories live. Discover now