Stand by Me. (25)

3K 261 13
                                    

တောထဲကို ရောက်သွားသလို ခံစားရတဲ့ ခံစားချက်က ဒီအပန်းဖြေစခန်းကို တည်ထောင်ခဲ့တဲ့သူရဲ့ အရည်အချင်းတစ်ခုကြောင့်ဆိုတာတော့ ဘယ်လိုမှ ငြင်းလို့မရ...

ညဘက်မှာ ကိုယ့်အုပ်စုလိုက်အဖွဲ့လေးတွေဖွဲ့ပြီး မီးပုံပွဲလေးလုပ်ပေးတယ်တဲ့...

သူတို့နှစ်ယောက် တစ်ခန်းယူထားတာမှန်ပေမဲ့ ရိပေါ်ကော လီမင်ကော ဒီစရောက်ထဲကဘေးခန်းမှာ သူတို့အထုပ်တွေချပြီးရှောင်ကျန့်တို့ အခန်းမှာလာနေနေတာ....

တစ်ယောက်တစ်ကုတင်စီအနေအထားမို့ရှောင်ကျန့်ကုတင်ပေါ်မှာ ရိပေါ်ထိုင်နေပြီး..ကျိရွှမ်းကုတင်ပေါ်မှာတော့လီမင်ကနေရာယူလို့....

ဟိုဘက်အခန်းမှာသွားနေပါလို့ဘယ်လိုပြောပြောမရတဲ့နှစ်ယောက်ကြောင့် နေချင်သလိုနေ လစ်လျူရှုထားလိုက်တော့တယ်...

ကိုယ့အခန်းရှိရဲ့နဲ့ တစ်ယောက်အိပ်ကုတင်ကျဥ်းကျဥ်းကြပ်ကြပ်လေးကို နှစ်ယောက်မျှနေရတာ ဘယ်လိုမှ အဆင်မပြေ...
အစက ကုတင်ပေါ်ထိုင်ရုံပဲ ထိုင်နေတဲ့ရိပေါ်က သူ့ဘေးဝင်လှဲလာတာကြောင့်...

"ရိပေါ် ကြပ်တယ်လေကွာ,. .မင်းအခန်းမင်းသွားအိပ်ပါလား..."

"ကောကလဲ အရင်လဲ ဒီလိုအိပ်​နေကြကို..."အရင်က အရင် အခုက အခုပဲလေ..
အခန်းထဲမှာ ကျိရွှမ်းတို့လဲ ရှိ​နေတာကြောင့် ဒီလိုပူးပူးကပ်ကပ်အခြေအ​နေကြီးနဲ့ နေရမှာကို မဝံ့ရဲပါ..

အစကပက်လက်နေနေရာမှ.. မျက်လုံးထောင့်ကနေသူနဲ့ရိပေါ်ကို ကြည့်နေတဲ့နှစ်ယောက်ကြောင့်မနေတတ်စွာနံရံဘက်မျက်နှာမူကာ ဘေးစောင်းလိုက်တော့မှ အခြေအနေပိုဆိုးသွားတာ....
ရိပေါ်ကပါ သူ့ဘက်လိုက်စောင်းပြီး ခါးကိုတင်းတင်းကြပ်ကြပ်ဖက်နေတော့တာကြောင့်....

အကြောင်းပြချက်ကတော့ ကုတင်က ကျဥ်းလို့ ပြုတ်ကျမှာစိုးလို့တဲ့လေ...

အရှက်သည်းစွာနဲ့ ရိပေါ်ကို ကုတင်ပေါ်ကအတင်းနှင်ချမိတော့ မျက်နှာငယ်လေးနဲ့ တံခါးနားလေးမှာ ရပ်နေတဲ့ရိပေါ်.....

ရှောင်ကျန့်လဲ ကိုယ်ချင်းစာပါတယ်..ရိပေါ်ရဲ့ခံစားချက်တွေကို..ဒါပေမဲ့ လူရှေ့မရှောင် သူရှေ့မရှောင် ရဲတင်းလွန်းတဲ့ရိပေါ်ကြောင့်..ဒီတစ်ခါတော့ မှတ်လောက်သားလောက်အောင် ပစ်ထားလိုက်ဖို့ဆုံးဖြတ်ထားတယ်...

Stand By Me. Where stories live. Discover now