Stand by Me. (34)

2.5K 254 15
                                    

အိပ်ရေးဝပြီး လန်လန်းဆန်းဆန်းနိုးလာတဲ့ရှောင်ကျန့်က တစ်နေ့လုံးပင်ပန်းနေတဲ့သူ့လူသားလေးကိုအနားယူခိုင်းပြီး ညစာအတွင်ပြင်ဆင်နေလေရဲ့

ဘယ်လောက်ပဲ ရွာခံတွေက ပို့ပေးနိုင်တယ်ဆိုဆို သူ့လက်ရာကို ရိပေါ်မစားရတာကြာပြီမလား...ရှောင်ကျန့်​ပြင်ပေးတဲ့ညစာကော ရွာကလူတွေပို့ပေးတဲ့ အစားအစာကိုပေါင်းပြီးစားမှ ရိပေါ်အားပိုရှိမှာ...
သူ့လူသားလေး အရမ်းပင်ပန်းလွန်းနေပြီမလား..

သူတို့က အသားဟင်းတွေပို့တာကြောင့် ရှောင်ကျန့် ရိပေါ်ကြိုက်တဲ့ ငါးချဥ်လေးကို နံနံပင်အုပ်ပြီး သုပ်ပေးလိုက်တယ်...
ငါးချဥ်က အသားစားတာလောက် အာဟာရပြည့်ဝပြီး အားမရှိမှာ မှန်ပေမဲ့...
သူ့အချစ်အပြည့်နဲ့ တစ်ဦးတည်းမူပိုင် ရည်ရွယ်ထားတာမို့ ကမ္ဘာပေါ်မှာရှိတဲ့ အသားတွေအကုန်လုံးစားပြီး အားရှိတာထက် သူ့ငါးချဥ်စားပြီး ဖြစ်တည်တဲ့အားအင်ကပိုသာမှာ..

"ကော နံနံပင် နံ့လေးမွှေးနေတာပဲ.,. "ရိပေါ်တို့ များအနံ့ခံကောင်းလိုက်ပုံက..
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာတောင်..သူ့အကြိုက်ဆုံး နံနံပင်အနံ့ရတော့ နှိုးလာပြီး အနားရောက်လာလိုက်တာ မြင်းနဲ့ယုန် စပ်ပြီး မွေးလာသလားမှတ်ရတယ်..အပြေးမြန်တာကိုပြောပါတယ်....

"အင်း ကောက မင်းအတွက် ညစာပြင်ပေးနေတာ..အိပ်တာလဲသိပ်မကြာသေးဘူး..အိပ်ရေးကော ဝရဲ့လား..."

"ကောသာ အနားမှာ ရှိရင် မျက်တောင်တစ်ခါ ခတ်လိုက်ရင်တောင် တစ်ညလုံးအိပ်ရသလို အားတွေအများကြီးရှိပြီး အိပ်ရေးဝတယ်..
အဲ့တာကောသိလား...."

"အဲ့တာဆို ကောက မင်းအတွက် vitamin လေးပေါ့"

"အင်း ကောက ကျွန်တော့်အတွက် A to Z နာမည်ပါတဲ့ vitaminတေ အားလုံးထက် ပိုစွမ်းတဲ့ ဗီတာမင်ကြီး..,
မောင့်တစ်ဦးတည်းမူပိုင် ​ေရှာင်ဇနီးမောင်နှံcompanyက ထုတ်ပေးတဲ့ limited vitaminလေး...
လာပါ အားဆေးလေးပေးပါအုံး..."ပြောရင်း မျက်နှာနားတိုးကပ်လာတဲ့ရိပေါ်ကြောင့်

"တန်ဆေး လွန်ဘေး တဲ့သိတယ်မလား...အားဆေးဆိုတာလဲ သူ့အတိုင်းအတာနဲ့သူ စားရတယ်...အစားမတော်တစ်လုပ်တဲ့ ..."

Stand By Me. Where stories live. Discover now