Stand by Me. (19)

3.4K 302 22
                                    

စာမေးပွဲဖြေပြီး ကျောင်းတစ်လပိတ်တာကြောင့် ရိပေါ် အိမ်ကိုပြန်ဖို့ပြင်ရတယ်...

သျှောင်နောက်ဆံထုံးပါ ဆိုသလို ကောကိုလဲ အိမ်ပြန်လာဖို့ပြောရသေးတယ်....
အစကတော့ ပိတ်ရက်ပဲ ပြန်လာမယ်လို့ပြောတဲ့ကောက သူ့ရဲ့ ဆေးရုဲအသွားအပြန် အကြိုအပို့လုပ်ပေးမယ်ဆိုတဲ့ မဲဆွယ်မှုကြောင့်...ကောအိမ်မှာ ပြန်နေဖို့ဖြစ်လာတယ်ဆိုပါတော့.....

"ပစ္စည်းတွေအကုန်ထည့်ပြီးပြီလား ရိပေါ်..."ကားရောက်ရောက်ချင်း မေးလာတဲ့ ကျိရွှမ်းစကားကို ခေါင်းညိမ့်ပြီးပဲပြန်အဖြေပေးလိုက်မိတယ်...

"အာ့ဆို ပစ္စည်းတွေ တင်ပြီး တစ်ခါထဲ သွားရအောင်..
မားကမင်းကိုမျှော်နေပြီ...
ပစ္စည်းတွေကလဲ များလိုက်တာကွာ...ကျောင်းပြန်မလာရမှာကျနေတာပဲ....
ဘာမှမယူလာနဲ့...အကုန်ထားခဲ့...."အထုတ်ကြီး အထုတ်ငယ်အသွယ်သွယ်နဲ့...ဒီပစ္စည်းတွေ သူ့ကားလေးပေါ်တင်ရင် ကားသာ သက်ရှိဆို ဖွတ်ဖွတ် ညှက်ညှက်ကြေနေမှာ.....

အမြင်ကပ် ပုဒ်မနဲ့ အကုန်လုံးကို ထားခဲ့ဖို့ပြောလိုက်ပေမဲ့ ပြန်ကြားလိုက်ရတဲ့ရိပေါ်စကားကြောင့်...ဆံွ့အသွားမိတယ်....

"ဘာ ဘာပြောလိုက်တာ...ပြန်ပြောစမ်း..."

"ကျန့်ကောနဲ့ လီမင်ပါလိုက်မှာလို့..."

"ကိုကို လိုက်တာက ဟုတ်ပါပြီ...ဘာဖြစ်လို့လီမင်ဆိုတဲ့နှာဗူးကောင်က ပါလာရတာလဲ"

"ငါ့သူငယ်ချင်းက ငါ့ကို သူ့အိမ်အလည်ခေါ်တာကို မင်းကဘာတွေဖြစ်နေတာလဲ..."လီမင် ရိပေါ်ပခုံးကိုဖက်ကာ အောင်နိုင်သူအပြုံးနဲ့ ပြန်ပြောလာတာကြောင့် ကျိရွှမ်း ဒေါသ အလိပ်လိုက်တက်လာတယ်...

"အဲ့ဒါ ငါ့အိမ်ဆိုလဲ ဟုတ်တယ်ကွ...မင်းကို ငါနေခိုင်းမှ နေလို့ရတာ...ပါးကို မင်းအိမ်လာနေတာကို မနေခိုင်းချင်ဘူးလို့ပြောလိုက်ရင် တစ်ခွန်းထဲပဲ..."ပြောပြီးမှ ရိပေါ်ကို သတိတရ ကြည့်မိတော့ မျက်နှာ ပျက်သွားတာကို တွေ့လိုက်ရတာကြောင့် သူ့စကားမှားသွားပြီမှန်းသိလိုက်ရတယ်...

"ရိပေါ်...ငါပြောတာက အဲ့လိုသဘောမဟုတ်...."

"အင်း ရပါတယ်ကွာ..."ကျိရွှမ်းပြောလိုက်တဲ့စကားတွေကို နောက်မှ ရောက်လာတဲ့ ရှောင်ကျန့်လဲ သေချာကြားလိုက်ရတယ်...

Stand By Me. Where stories live. Discover now