"အန်တီရှောင်း... ဘယ်လိုပြောလိုက်တာ...."ရှိုက်သံတစ်ဝက်စွက်ကာပြောနေတဲ့ ရှောင်မားရဲ့အသံကို မနည်းနားလည်အောင်နားထောင်နေရတယ်...
"သားကျန့် ကားaccident ဖြစ်လို့,. ..ခွဲခန်းဝင်နေရတယ်...."
"ဘယ်ဆေးရုံမှာလဲမား...သားလာခဲ့မယ်..."မနက်ကတောင်သူနဲ့မနက်စာအတူစားနှုတ်ဆက်ပြီး...ရှောင်မားနဲ့အတူတူစျေးဝယ်ဖို့ထွက်သွားခဲ့တာ....
သူ့အမှားပါ....
သူတို့နှစ်ယောက်အကြောင်းကို ရှောင်မားက ရှောင်ပါးကိုပြောပြတဲ့အချိန်..သူတို့နှစ်ယောက်ကောင်းကြောင်းတွေပဲ ပြောပေးရအောင်..ရှောင်မားကို ဖားဖို့အတွက်စျေးဝယ်ထွက်ကြဖို့ အကြံပေးခဲ့တာ...သုံးယောက်အတူတူထွက်ခါနီးမှ လီမင်ဆေးရုံတက်နေရတယ်ဆိုတဲ့ အကြောင်းကြားသိရမှာမို့...လီမင်ရှိရာဆေးရုံသို့ သွားခဲ့ရတယ်,. .
သူကမသွားချင်ပေမဲ့ ကောက သူငယ်ချင်းကိုပစ်ထားလို့မကောင်းဘူးဆိုတာကြောင့်...သွားသာသွားရတာကောကိုနည်းနည်းလေးမှ စိတ်မချ.....အခုသူစိတ်မချတဲ့အတိုင်းဖြစ်လာခဲ့ပြီ...
လီမင့်ကို အမြန်နှုတ်ဆက်ပြီးကောရှိရာဆေးရုံစီသို့ ထွက်လာခဲ့တော့တယ်....
သူလဲရောက်ရော Operation Theatre ထဲကနေ ထွက်လာတဲ့ကောက ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့သတိမေ့နေလေရဲ့.......
လူနာကို VIP'Room ထဲကို ပြောင်းတော့မှာမို့ လူနာရှင်တွေတစ်ပါထဲ လိုက်ခဲ့ပေးပါနော်....
"မား...ကောအခြေအနေက..."
"စိတ်မပူပါနဲ့သား...ခေါင်းကိုထိခိုက်မိထားတာအချိန်မီရောက်လာနိုင်လို့ ခွဲစိပ်မှုက စိုးရိမ်စရာမရှိပါဘူး...."
စိုးရိမ်စရာမလိုဘူးဆိုပေမဲ့လဲ သတိမေ့နေတဲ့ကောပုံစံလေးကြောင့်...လူကဘယ်လိုမှ...စိုးရိမ်စိတ်ကိုဖြေလျော့လို့မရ....."လူနာက မေ့ဆေးအရှိန်ကြောင့်သတိမေ့နေတာပါ..နောက်နာရီဝက်လောက်နေရင် ပြန်သတိရပြီ..."
ဆရာဝန်ရဲ့စကားကိုကြားပေမဲ့လဲ ကောသတိမရသေးသရွေ့ သူ ရတက်မအေးနိုင်ပါ"သားလေးရိပေါ်...မားအိမ်ပြန်ပြီး အဝတ်အစားတွေသွားယူလိုက်အုံးမယ်...
စျေးကနေတန်းလာတာဆိုတော့ ဘာတစ်ခုမှ ပါမလာဘူး...."
YOU ARE READING
Stand By Me.
Fanfictionကိုကို ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ကိုပဲရွေးချယ်ပါဆိုရင် ကိုကို ဘယ်သူ့ကိုရွေးမလဲ #Wang Yi Bo. 💚💚 မင်းတို့နှစ်ယောက်လုံး ငယ်ငယ်လေးထဲက ငါ့လက်ပေါ်မှာကြီးပြင်းလာခဲ့ကြတာ နှစ်ယောက်လုံးကို သံယောဇဥ်ရှိပြီးသားမို့ဖြေရခက်တဲ့မေးခွန်း...