Stand by Me. (27)

2.6K 236 7
                                    

သစ်ပင်အကွယ်ကနေ ချောင်းကြည့်နေကြတဲ့နှစ်ယောက်ကို ရိပေါ်မြင်ပေမဲ့..မသိချင်ယောင်ဆောင်ပြီး ရသမျှအခွင့်အရေးကို အပြည့်အဝယူမိတော့ ကောနှုတ်ခမ်းက ငွေမှင်ရောင် အရည်လေးတွေက စီးကျလို့.

"ကျိရွှမ်း ရိပေါ်တို့ကိုကြည့်ပြီး အားမကျဘူးလား.."

"ရိပေါ် ကောကို ချစ်သလောက်ငါ့ကိုချစ်ပေးနိုင်တဲ့သူမရှိသလို...ကောလိုလဲ ငါက ကိုယ်ချစ်ရတဲ့သူအပေါ်မှာ စိတ်ရှည်ပေးပြီး မချစ်နိုင်ဘူး..."

"သူတို့နဲ့ တူစရာမလိုဘူးလေ...ကိုယ့်အထာနဲ့ကိုယ်ချစ်လို့ရတာပဲ...
ကိုယ့်စိတ်ကို ကိုယ်ပိုင်ရမှာပေါ့...
ဘယ်သူနဲ့မှ ယှဥ်ပြီး အားငယ်စရာမလိုသလို..
ဘယ်သူ့လိုချစ်နိုင်တဲ့သူတွေ့မှ အဲ့လူကို ငါရွေးချယ်မယ်လို့ မဆုံးဖြတ်ရဘူး..
အဲ့ဒါက ကိုယ့်စိတ်ကို ကိုယ်မပိုင်သလိုဖြစ်သလို အချစ်ကိုနှလုံးသားနဲ့ရွေးချယ်တာမဟုတ်ပဲ ဦးနှောက်နဲ့ရွေးသလိုဖြစ်နေတယ်....
အချစ်ကို  အချစ်လို့ပဲမြင်ပေးပါ..."

"အင်းပါ..ငါစဥ်းစားပါရစေအုံး.."

စကားပြောရင်းနဲ့ပဲ အရှိန်မပျက်သေးတဲ့နှစ်ယောက်စီသွားပြီး ရပ်တန့်ဖို့ အချက်ပြလိုက်ရတယ်,. ..
မဟုတ်ရင် ညမိုးချုပ်တဲ့အထိတောင် နမ်းမဲ့ပုံ..
သဘာဝအလှတရားတွေလာကြည့်တာလား သူတို့နှစ်ယောက် ချစ်ကြည်နူး တစ်တီတူးဖို့ လာတာလား မခန့်မှန်းနိုင်တော့

သူတို့နှစ်ယောက်ကိုမြင်တော့ ကျန့်ကောက သူခိုးလူမိသလိုရှက်ပြုံးကြီး ပြုံးနေသလောက်..ရိပေါ်ကတော့ အိပ်နေတဲ့ကာလနဂါးကို သွားနှိုးမိလို့ဒေါသထွက်စွာ တစ်ကမ္ဘာလုံးကိုဖျက်စီးတော့မလို ပုံစံမျိုးနဲ့ သူတို့နှစ်ယောက်ကိုကြည့်နေလေရဲ့....

ရိပေါ်ကို မနာလိုလိုက်တာ..သူ့မှာတော့ ချစ်သူရယ်လို အတည်တကျ သတ်မှတ်ထားတာမဟုတ်တာကြောင့် ပါးလေးတောင်နမ်းခွင့်မရသေး..
ရုပ်ရှင်ရုံထဲမှာ နမ်းတဲ့ကိစ္စဖြစ်ပြီးတဲ့နောက် ကျိရွှမ်းကလီမင့်ဆီက ကတိတစ်ခုတောင်းခဲ့တယ်..
အဲ့တာက ချစ်သူမဖြစ်မချင်း ပါးစပ်စည်း လက်စည်းစောင့်ရမယ်ဆိုတဲ့ကတိ..
မတည်နိုင်ရင်..အဖြေရဖို့မမျှော်လင့်နဲ့လို့လဲ တစ်ခါထဲခြိမ်းခြောက်ထားတာကြောင့်လှုပ်တောင်မလှုပ်ရဲ...

Stand By Me. Where stories live. Discover now