Stand by Me. (15)

4.3K 349 15
                                    

BL page မှာ တက်လာတဲ့ပုံတွေကို လီမင်က သူ့ကိုပြပြီးဟားတိုက်နေလေရဲ့.....

"ကြည့်ပါအုံးရိပေါ်ရာ မင်းနဲ့ငါကို ship ပေးကြတာတဲ့...."ရိပေါ်က ညဆိုစာလုပ် ၊ နေ့ဘက်ဆိုကောကိုလုပ်(ဟုတ်ပါဘူးလေ) နေ့ဘက်ဆို ကောဆီသွားပြီး အချိန်ကုန်နေတတ်တာကြောင့် ကျောင်းက pgae တွေဘာတွေလဲ မကြည်အား....အဲ့တော့ ဘာတွေတင်တင် သူမသိဘူး..,. ..

"ရွံစရာကွာ ဒီလောက်ညစ်ပတ်အိုးကို ငါကကြိုက်စရာလား....
ညစ်ပတ်တဲ့အပြင် ရုပ်ကလဲ...ဆိုးချက်က မင်းကုသနဲ့ ဒဿ က အဘိုးခေါ်ရလောက်တဲ့ရုပ်နဲ့....."

"ဟေ့ကောင် မင်းနော်....
နစ်နာတာက ငါပါကွ...ဟွန့်...ငါ့ကို အုတ်ခဲလေး အုတ်ခဲလေးနဲ့...."

"မင်းအစောကြီးထဲက သိရင် ငြင်းပါလားကွ...
ဟုတ်သလိုလိုကြီး ငြိမ်ခံနေပြီးတော့ အပြောခံရတောင်နည်းသေးတယ်......"

"ဟေ့ကောင် ရှင်းလေရှုပ်လေဖြစ်မှာစိုးလို့ လွှတ်ထားပေးတာကွ....
ကျောင်းက သတင်းမှန်သမျှလိုင်းပေါ်အကုန်တင်တော့
အခုဆို ကျောင်းပြင်ပကလူတွေတောင် ငါတို့ကို ဝိုင်းship နေကြပြီ...."ကျောင်းပြင်ပက လူတွေ သိတယ်ဆိုမှ...ကော..ကော ဒီကိစ္စတွေသိပြီးပြီလား....
အို ကောက ဖုန်းသိပ်မသုံးတော့ မသိလောက်ပါဘူးလေ...
လီမင်ပြောသလို ရှင်းမှ ပိုရှုပ်နေလိမ့်မယ်...
ကိုယ့်လိပ်ပြာကိုယ် လုံရင် ပြီးတာပဲ....

"ငါရေသွားချိုးအုံးမယ်....."

ရိပေါ်ရေသွားချိုးနေတုန်း ဖုန်းဝင်လာတာကြောင့် သူကြည့်လိုက်မိတော့ ရိပေါ်ညီလေးဆက်တာ....

"ဟေ့ကောင် ရိပေါ် မင်းသူငယ်ချင်းနဲ့ သူ့ကောင်လေးကိစ္စဘယ်လိုဖြစ်သွားလဲ
အာဝါဟကြတာလား...."

"ဘာပြောတာ...."

"ရိပေါ်မဟုတ်ဘူးလား ခုက"

"သူရေချိုးနေလို့..."

"နေပါအုံးးး ခုနစကားမှာ ရိပေါ်သူငယ်ချင်းဆိုတာ ငါ့ကိုပြောတာမလား...
သူ့မှာသူငယ်ချင်းဆိုလို့ငါပဲရှိတာ...ငါကဘယ်ကောင်လေးနဲ့ အာဝါဟကမှာလဲ.....
အာဝါဟစေချင်ရင် မင်းငါ့ကို ကူညီပေးလေ....."

"ဘောပဲ နှာဗူးကောင်...."

"မင်းတော​့ ဂျင်းထည့်ခံရပြီကွ.....
ဟားးးး ရိပေါ်က ငါ့ကိုခုတုန်းလုပ်ပြီး...သူချစ်သူနဲ့ပျော်စရာနေ့လေးကို ဒီနေ့ပဲ ဖန်တီးခဲ့တယ်တဲ့...."ရိပေါ်နဲ့လီမင်တစ်ခန်းထဲသားချင်းနေပေမဲ့...ရိပေါ်က အစက ခပ်တန်းတန်းပဲနေတာ.....သူဘယ်လောက်အရောဝင်ဝင်...မထီမဲ့မြင် ဒီဇိုင်းနဲ့......
သူနှုတိဆက်လဲ ပြန်နှုတ်ဆက်ချင်မှ နှုတ်ဆက်တတ်တာ...ဒီနေ့မှ ထူးထူးဆန်းဆန်း သူနှုတ်ဆက်တာကို ပြန်စကားပြောပြီး သူပျော်နေရတဲ့အကြောင်းကိုလဲ ပြန်ပြောပြခဲ့တယ်......

Stand By Me. Where stories live. Discover now