Stand by Me. (26)

2.8K 246 9
                                    

မနက်စောစောထနေကြ အကျင့်ဖြစ်နေတဲ့ ရှောင်ကျန့်တစ်ယောက် တစ်ညလုံးပင်ပန်းထားတာမို့ ဘယ်လိုမှမထနိုင်...

"ဒေါက် ဒေါက် ဒေါက်..."အခန်းတံခါးခေါက်သံကြားရတာကြောင့် ရိပေါ်ကိုသွားဖွင့်ပေးဖို့နှိုးလိုက်တော့ မောင်မင်းကြီးသားက သူ့ကိုကျောပူမှာ စိုးလို့နေရာပြောင်းအိပ်မယ်ခိုင်းတယ်များမှတ်နေလားမသိဘူး
ပက်လက်အိပ်နေရာက ဘေးစောင်းအိပ်လို့...
ရှောင်ကျန့်ကို ဖက်ဖို့လဲသူမမေ့....

တံခါးခေါက်သံကပိုကျယ်လာတာမို့..ရှောင်ကျန့်စိတ်မရှည်တော့...

"ရိပေါ် မင်းခုထမဖွင့်ပေးရင် ညစာငတ်မယ်မှတ်...."

"ထပြီ ကော ထပြီ...စောစောစီးစီးကွာ..."

"ဘယ်သူ့ကိုပြောတာလဲ..."

"တံခါးခေါက်တဲ့သူကိုပြောတာကော... စောစောစီးစီးးသူများအခန်းကို ဘာလာလုပ်တာလဲမသိဘူး..."

တံခါးဖွင့်သံနဲ့အတူ ရိပေါ်ရဲ့စူပုတ်ပုတ်မျက်နှာကပါပေါ်လာတာကြောင့် အကူညီတောင်းမဲ့ လီမင် တွန့်ခနဲဖြစ်သွားရတယ်...

"ငါ့မနက်ခင်းချောမောမှုကို မမြင်ဖူးဘူးလား...ငေးမနေနဲ့..ဘာကိစ္စလဲပြော.."

"အကိုက်အခဲပျောက်ဆေးလေးရှိလား..."

"ဟမ်..မင်းကဘာဖြစ်လို့လဲ..."

"ငါမဟုတ်ဘူး..ကျိရွှမ်း...."

"မင်း..မင်း..ငါ့ညီကို ဘာလုပ်လိုက်တာလဲ..."

"ဟေ့ကောင် အကိုက်အခဲပျောက်ဆေးတောင်းတိုင်း မင်းလိုနှာဗူးစတိုင် မတွေးနဲ့ကွ...
ညက သူငါ့ကို ကုတင်ရှိရာသယ်ပေးးတာ..ငါ့ကိုယ်ကြီးမနိုင်တော့.အောက်ကိုလဲကျသွားပြီး..ခါးနာသွားလို့..."

"အေးပါကွာ..ဒါနဲ့မင်းကခုမှ သိတာလား.."

"အေး ညကငါလဲမူးမူးနဲ့အိပ်ပျော်သွားတာ..ဒီမနက်မှ သိတာ.."

"အေးအေး..ဆေးကဗီရိုပေါ်မှာ..."လီမင့်ကို အခန်းထဲဝင်ခိုင်းမလို့ လုပ်ပြီးမှ...ကုတင်ပေါ်က ကောအခြေအနေကို သတိထားမိတာကြောင့်..အခန်းတံခါးကို အမြန်ပိတ်ပြီး..ဆေးယူပြီးမှ တံခါးပြန်ဖွင့်ကာပေးလိုက်တော့တယ်...

Stand By Me. Where stories live. Discover now