Stand by Me. (37)

2.5K 210 14
                                    

"အဲ့တော့ ကောနဲ့ မောင်က အရင်ဘဝက ဝေ့ရင်းနဲ့ ဝမ့်ကျီးပေါ့..."
ဖြစ်ပျက်သမျှအကြောင်းစုံကိုရှင်းပြပြီးတဲ့နောက်တည်ငြိမ်စွာဆိုလာလေတဲ့ကျန့်ကော..

"ကော သူတို့ကိုခွင့်လွှတ်ပေးပါလို့ မောင်အတင်းမတောင်းဆိုဘူးနော်..
မောင့်မျက်နှာကိုလဲကြည့်စရာမလိုဘူး..
လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်.."

"ကော သူတို့နဲ့နောက်တစ်ခေါက်တွေ့ချင်တယ်..
အကြောင်းအရာတစ်ချို့ကိုလဲသိချင်နေသေးလို့"

"ဟုတ်..."

သူတို့နှစ်ယောက်ထဲ အရင်ကတွေ့တဲ့အိမ်ကြီးဆီမှန်းဆလို့ အာရုံပြုလိုက်ကြတယ်..

"ဆုံးဖြတ်ပြီး ကြပြီပေါ့..."

"​မေးစရာတစ်ခုရှိလို့ပါ ကျွန်တော်တို့နှစ်ယောက်လုံးက အတိတ်ဘဝကိုမမှတ်မိကြသေးဘူးး.
ခင်ဗျားတို့ပြသလောက်ပဲ သိခွင့်ရှိတာ..
ဟာနေတဲ့နေရာတွေရှိသေးတယ်ထင်တယ်..."အစကပြောခဲ့သလို ဝေ့ရင်းနဲ့ဝမ့်ကျီးဟာ အရမ်းချစ်ခဲ့ကြတယ်..
မယ်တော်တို့ရဲ့လှည့်စားမှုကြောင့် ဝေ့ရင်းက အထင်လွဲသွားတယ်ဆိုတာအထိလဲဟုတ်တယ်..
တကယ်တော့...

"မယ်တော် မပြောပါနဲ့တော့.. "

"မယ်တော်တို့ နောင်တရသင့်နေပါပြီကွယ်..
ကိစ္စအားလုံးကို မခြွင်းမချန် အကုန်​ပြောပြပါ့မယ်..
နောက်မှ ခွင့်လွှတ်သင့် မလွှတ်သင့် သားတို့ကိုယ်တိုင်ဆုံးဖြတ်ကြပါ.."

ခုနစကားကိုပြန်ဆက်ရရင် မယ်တော်တို့နှစ်ယောက် သားတို့ကို ခွဲဖို့ အောက်လမ်းနည်းတွေသုံးခဲ့တယ်..

သားတို့နှစ်ယောက်ကိုရှင်ခွဲဘယ်လိုမှခွဲလို့ရမှာမဟုတ်ဘူးတဲ့လေ..
သေကွဲကွဲမှ ကွဲကြမယ်ဆိုတာကြောင့် ဝေ့ရင်းကို အဆုံးသတ်ဖို့မားတို့မိုက်မဲစွာ ဆုံးဖြတ်ခဲ့ကြတယ်..
ကိုယ့်သားကိုယ်တော့ ဘယ်မိဘကမှ အဆုံးရှုံးမခံနိုင်ကြဘူးလေ..
ဝေ့ရင်းကကိုယ့်ကိုယ်ကို သတ်​သေသလိုပုံစံမျိုစဖြစ်အောင် မယ်တော်တို့ကိုလဲ ဝမ့်ကျီးကသံသယမဝင်အောင် သူ့ရှေ့မှာပဲ ဝမ့်ကျီးသစ္စာဖောက်တာခံရလို့ ဝေ့ရင်းကသူ့ကိုယ်သူ သတ်သေသလိုလုပ်ခဲ့တယ်..
တကယ်တော့ ဝေ့ရင်းကို အောက်လမ်းဆရာကထိန်းချုပ်ပြီး သေစေခဲ့တာ..
အဲ့ကလေးလား အမှားအမှန်မစဥ်းစားပဲ ကိုယ့်ကိုယ်ကိုသတ်သေမှာ..
ပြောရင်း မျက်ရည်တွေဖြိုင်ဖြိုင်ကျနေတဲ့ မယ်တော့်ကို့ ရိပေါ် အရမ်းစိတ်နာတယ်..

Stand By Me. Where stories live. Discover now