Stand by Me. (9)

4.2K 405 10
                                    

"ကဲ သားတို့သမီးတို့ ဒီနေ့သင်ခန်းစာကတော့ ဒီလောက်ပဲပေါ့နော်
တီချယ်တစ်ခု သတိပေးချင်တာက ကောင်မလေးတွေ
ညဘက်တွေမှာ သီချင်းဆိုသံတွေကြားနေရတာက မင်းတို့ချစ်သူတွေ လာဆိုနေကြတာမလား
ကျောင်းအုပ်ကြီး ကမကြိုက်တာမို့နောက် ဆို ကိုယ့်လူကိုယ် လာမဆိုဖို့ပြောထား...."

"ဟုတ်ကဲ့ ချယ်..."

တီချယ်ကြီး ဘယ်လောက်သတိပေးပေး ညဘက်တွေဆို ကြားနေကြအသံလေးကို အချိန်ကိုက်ကြားရမြဲ...

အခုလာဆိုတဲ့ကောင်လေးက သူ့ကောင်မလေးစကားကို အရေးမလုပ်ပဲ ဆက်ပြီးဆို​နေတာက
ကောင်မလေးအတွက်စိတ်ဆိုးစရာကောင်းတယ်ဆိုပေမဲ့ ရှောင်ကျန့်အတွက်တော့ အိပ်ပျော်စေတဲ့ vitamin လေး.....
ရိပေါ်ကို လွမ်းနေတဲ့အချိန်မှာ သူ့အသံလေးနဲ့အလွမ်းဖြေနေရတာ.....ကျေးဇူးပါ အသံသြလေးရေ့
ဟို ကလေးကတော့ သူထွက်မတွေ့ဘူးလို့ပြောလိုက်တဲ့နေ့ကနေစပြီး ပေါ်ကိုမလာတော့.....
တကယ် စိတ်တိုဖို့ကောင်းတယ်............
           .
           .
           .
"ရိပေါ်   မင်းခုလိုလုပ်နေတာတွေကို ကျန့်ကောက သိပါ့မလား.."

"သူ ငါ့အသံကို မှတ်မိမှာပါကွ..."

"မင်းကလဲ ကွာ ဘယ်လောက်ပဲ အသံကိုမှတ်မိတယ်ဆိုစေအုံးတော့ သူတို့ကျောင်းမှာ မိန်းကလေးတွေအများကြီးမလား
အဲ့မိန်းကလေးတွေကို လာပိုးတယ်လို့ထင်နေမှာပေါ့
နောက်ပြီး မင်းလာဆိုတယ်လို့ လဲတွေးမိမှာမဟုတ်ဘူး
အခြားတစ်ယောက်ဆိုနေတယ်ပဲ ထင်မှာ..."

"အဲ့ဒါဆို ငါဘယ်လိုလုပ်ရမလဲကွာ..."

"တစ်ချို့ဆိုကွာ သူတို့သီချင်းလာဆိုတာကို သူတို့ကောင်မလေးတွေသိစေချင်ရင် ဘယ်Year က ဘယ်သူ့အတွက်ပါဆိုပြီး ရည်ရွယ်တဲ့သူကိုသိအောင်လုပ်ကြတယ်..
မင်းလဲ အဲ့လိုလုပ်ကြည့်ပါလား"

"အင်း....."

"ရှောင်ကျန့် ညညဆိုလေ သီချင်းလာဆိုနေတဲ့ကောင်ရဲ့ ရည်းစားက တို့အတန်းထဲကလို့ထင်လား"

"ငါဘယ်သိမလဲကွ...."

"အေး သူတို့အသံတွေကျောင်းအုပ်ကြီး မကြားသေးလို့ သိများသိရင် ရဲစခန်း ဒိုးရမှာပဲအဲ့ဒီ့ကောင်တွေ
Warning ပေးထားရဲ့သားနဲ့ မကြောက်မရွံ့လာဆိုရဲသေးတယ်...."

Stand By Me. Where stories live. Discover now