Stand by Me. (13)

4.1K 354 7
                                    

"Senior ရဲ့ ညီလေးဆိုတဲ့သူရောက်နေတာ
ပန်းခြံမှာ စောင့်နေမယ်တဲ့"
လာတွေ့မယ်လို့ ပြောထားရဲ့သားနဲ့ ဒီ ကောင်လေးတစ်​ယောက်ကတော့လေ....
အပြုံးမျက်နှာလေးနဲ့ ဆေးရုံရှေ့က ပန်းခြံထဲကို လှမ်းလာနေတုန်းးး

"ကိုကို...."

"ဟာ ကျိရွှမ်း ပြောတော့တော့ ဆေးနံ့တွေမခဲနိုင်လို့ ဆေးရုံကို လာမတွေ့ဘူးဆို...."

"သား လာမတွေ့ရင် ကိုကို နဲ့တွေ့ရမှာကိုမဟုတ်ဘူး
ကိုကိုက off ရက်လဲ အိမ်ပြန်မလာပဲနဲ့.,.
အလုပ်တွေ အဲ့လောက်ရှုပ်နေတာလားဟင်...."

*အလုပ်ရှုပ်တာက နည်းနည်း အရှုပ်လုပ်သမျှ လိုက်ရှင်းနေရတာက များများပါ
ရိပေါ်ဆိုတဲ့ ရှောင်ကျန့်ချစ်သူလေးက ရှောင်ကျန့်ပိတ်ရက်တွေဆို အတန်းလစ်ပြီး လာလာတွေ့တတ်တယ်
သူလာတဲ့ အချိန်ရှောင်ကျန့်ကိုမတွေ့ရင် ပြဿနာရှာတတ်လွန်းလို့ ရှောင်ကျန့် ခင်မျာ အိမ်ကိုတောင်မပြန်ရဲ...*

"အေးကွာ off ရက်လေးပြည့်ပြည်ံ့ဝဝလေးနားချင်လို့ အိမ်ကိုပြန်မလာဖြစ်တာ...
အခုပိတ်ရက်ရရင် ပြန်လာမယ်...
ကျောင်းတက်ရတာကော အဆင်ပြေရဲ့လား.."

"ကိုကို နဲ့ ရိပေါ်မရှိတော့ အဆင်ပြေတယ်လို့လဲ မဟုတ်ပါဘူး
ဒီလိုပဲ ပျော်ရာမှာ မနေ တော်ရာမှာ နေရတာပေါ့..."

"မပျော်လို့ပဲ လိုင်းပေါ်မှာ တစ်နေ့တစ်ယောက် ကောင်ကောင်မလေးနဲ့ မင်းနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ ပလူပျံနေတာ"

"ကိုကိုကလဲ အဲ့ဒါက ဘယ်လိုပြောရမလဲ ဆိုတော​့လေ
ဟီးးးးး"

"ပြောမနေနဲ့တော့ ရိပေါ်ဆီကော သွားတွေ့ပြီးပြီလား..."

"ထမင်းစား နားတဲ့အချိန်သွားတွေ့မလို့
ဆေးကျောင်းကန်တင်းမှာ ထိုင်ပြီး ဆေးကျောင်းသူလေးတွေကို ငမ်းရအောင်...
ကိုကိုပါ လိုက်ခဲ့..."

"အင်း....."

"ဒီမှာ ကော ပင်ပန်းရင် အပန်းဖြေလို့ ရအောင် chocolate လေးတွေ ဝယ်လာတယ်...."

"အင်း ထမင်းစားပြီးမှ အချိုတည်းကြ​တာပေါ့....."

"ဟေ့ကောင် ရိပေါ် ....
ငါမရှိတော့ အဆင်မှ ပြေနေရဲ့လား..."ရိပေါ် အတန်းထဲက ထွက်လာတာကို မြင်တော့ ကျိရွှမ်းက လည်ပင်းကို လက်နဲ့ ချုပ်ထားပြီး မေးလိုက်တော့...

Stand By Me. Where stories live. Discover now