Stand by Me. (23)

2.8K 265 16
                                    

ကျန့်ကောက ဆေးရုံတစ်ပတ်တက်ပြီး သက်သာတာနဲ့ပြန်ဆင်းလာခဲ့တယ်။
သက်သာတယ်ဆိုပေမဲ့ အဲ့ဒါက ပြင်ပဒဏ်ရာတွေပဲသက်သာတာ...
ရိပေါ်ကိုတော့မမှတ်မိသေး.....

ကျန့်ကောက ရက်စက်လွန်းတယ်...အရင်က သူနဲ့ကျိရွှမ်းကို ညီတူညီမျှဆက်ဆံသလောက်..ဆေးရုံကနေဆင်းပြီးနောက်ပိုင်း သိသိသာသာကို ကျိရွှမ်းကို အရေးပေးနေတော့တာပါပဲ...
ရိပေါ်..စိတ်ထဲမှာ.. နာကျင်ရပေမဲ့လဲ သူ့ကျန့်ကောစိတ်ချမ်းသာနေတာကြောင့် လွှတ်ထားပေးလိုက်ရတယ်...

အဲ့ဒီ့နောက်​တော​့ ကျန့်ကောကို ပြုစုဖို့ဆိုပြီး သူ့အစ်မ ရွယ်လီကျဲ ရောက်လာတယ်...

ကျဲကသဘောကောင်းတယ်..မာန်မာနမရှိဘူး...သူ့ခံစားချက်တွေကို ရင်ဖွင့်လို့ရတယ်...
ရှောင်ကျန့်က အလှနတ်ဘုရားဆို ရွယ်လီကျဲက အလှဘုရင်မပဲ...
ကောတို့ဆွေမျိုးတစ်တွေက မျိုးနဲ့ရိုးနဲ့ ချောကြတာ...
စိတ်ထားကောင်းတာလဲ တူကြတယ်...

"ကော ဒီနေ့ ကျိရွှမ်းကညအလုပ်ကိစ္စတစ်ခုပေါ်လာလို့တဲ့ သူ့အစားကျွန်တော့်ကို လွှတ်လိုက်တယ်..."

"အင်း...."ကျိရွှမ်းနဲ့ဆို စကားတွေဖောင်ဖွဲ့ပြောကာ မပြုံးတွေလှိုင်လှိုင်  ပွင့်သလောက် သူနဲ့ဆိုကောက တေမိမင်းဘွဲ့ကိုခံယူထားလေရဲ့....
ရှိသမျှ နတ်ဘုရားအပေါင်းကို တိုင်တည်ပြီး နေ့တိုင်းတောင်းတဲ့ ရိပေါ်ရဲ့ဆုတောင်းက သူ့ရဲ့အရင်ကကျန့်ကောကို ပြန်လိုချင်တယ်တဲ့.......

ကျိရွှမ်းမလာဘူးဆိုလို့ ပျက်ယွင်းသွားတဲ့ကောရဲ့မျက်နှာက သူ့နှလုံးသားကို တစ်စစီချေမွလိုက်တဲ့အတိုင်းပဲ..

ငယ်ငယ်ထဲက ကျိရွှမ်းနဲ့ယှဥ်ရင် ဦးစားပေးမခံရတဲ့ရိပေါ်က..ဒီတစ်ခါလဲ..ငယ်ငယ်ကလိုအဖြစ်မျိုးကြုံရအုံးမှာပါပဲ...

"ကော ရေခဲမှုန့်စားမလား...."သူကြိုက်တဲ့အစားအစာနဲ့မျှားလိုက်တော့..မျက်လုံးလေးတွေတောက်ပစွာနဲ့ရိပေါ်ကို ကြည့်လာလေရဲ့....

"ဒန် ဒန် ဒန်....ကောအကြိုက် chocolate အရသာ..."

"ကောက နို့အရသာစားမှာ....."ကျန့်ကော လက်ထဲကို နို့အရသာ ထည့်ပေးလိုက်တော့..သူ့ chocolate ကိုလဲ မျက်စောင်းတစ်ဝင့်ဝင့်နဲ့....

Stand By Me. Where stories live. Discover now