Stand by Me. (16)

3.5K 315 29
                                    

နဖူးပေါ်ကိုကျလာတဲ့ ခပ်နွေးနွေး အထိအတွေ့လေးကြောင့် ရိပေါ်အိပ်ပျော်နေရာမှ နိုးလာခဲ့တယ်...

"ထတော့လေ..ရိပေါ်....ကျောင်းကလူတွေမနိုးခင်သွားမှ မင်းအပြင်ခိုးထွက်တာ မသိမှာမလား...."

"ဘယ်နှစ်နာရီ ရှိပြီလဲ...."

"4:30Am ဖြစ်နေပြီ...
ပေါ်တိလေးမျက်နှာသစ်မှာ ဘာညာနဲ့ဆို... အချိန်ကြာသွားမှာစိုးလို့ ခုထတော့...
မနက်စာ ထမင်းကို ဝက်သားလေးနဲ့ကြော်ထားတယ်..."

"မနက်စာမစားတော့ဘူးလေ...
နာရီဝက်လောက်ဆက်အိပ်အုံးမယ်....
ကောလဲ လာ..."မတ်တပ်ရပ်နေတဲ့ ရှောင်ကျန့် ကိုယ်ကို အတင်းတွေ ကုတင်ပေါ်ကို ခေါ်နေလေရဲ့...

"မင်းစား ဖို့ မနက်အစောကြီးထပြီး ပြင်ပေးထားတာနော်...မစားရင် ကောစိတ်ကောင်းမှာ မဟုတ်ဘူး...."

"အင်းပါကောရယ် ခဏလေး တစ်နေ့တာ လုပ်ရမှာတွေက ပင်ပန်းစရာတွေမလို့ အားဆေးလေးယူနေတာ..."ခေါင်းအုံးပေါ်က နေ ရှောင်ကျန့် ပေါင်ပေါ်ကို နေရာယူလာတဲ့ ရိပေါ်ခေါင်းလုံးလုံးလေး.....
ရှောင်ကျန့် လက်ကို အတင်းဆွဲယူပြီး သူ့ခေါင်းပေါ်ကို တင်ပေးနေလေရဲ့...
အလိုက်တသိနဲ့ ခေါင်းလေးကို ဖွဖွလေးပွတ်ပေးလိုက်တော့ ပြန်မှေးလာတဲ့ ရိပေါ်မျက်လုံးတွေကြောင့် ဆံပင်မွေးနည်းနည်းလေးကို တစ်ခါထဲဆွဲနှုတ်ပေးလိုက်တော့တယ်....

"အာ့ ကော ဘာလုပ်တာလဲဗျ...."

"အဖြူမွှေး နှုတ်ပေးတာလေ..."

"ကျွန်တော့် ခေါင်းမှာ ဘာအဖြူမွေး မှ မရှိဘူး လျှောက်ပြောမနေနဲ့....
ကော ကျွန်တော့်ကို လက်စားပြန်ချေတာမလား..."

"လက်စားချေတာတွေ...ခြေစားချေတာတွေ လာပြောမနေနဲ့...ထတော."

"ခုန နှုတ်လိုက်တဲ့ အဖြူမွှေးပြလေ...."ဒီကလေးက အနုနည်းနဲ့နှိုးလို့မရတာကြောင့် နာကြင်မှုနည်းနည်းလေးပေးပြီး နှိုးလိုက်တာကိုးးး.....

"အမ် အဲ့ဒါ လွှတ်ပစ်လိုက်ပြီ..."နည်းနည်းလေးပဲ နှုတ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ လက်ထဲမှာ ပါလာတာက 10ချောင်းထက် မနည်းတဲ့ ဆံပင်စု..
ရိပေါ်ကို ပြစရာလား...ဆံပင်အနက်တွေအပြုံလိုက်နှုတ်ခံရလို့ စိတ်ဆိုးပြီးသူ့ကို နာအောင်ပြန်လုပ်ရင် ခံရမှာကသူလေ.....ရိပေါ်ပြန်လက်စားချေရင် သိတယ်မလား ကုတင်ပေါ်က မထနိုင်အောင်လုပ်မှာ....

Stand By Me. Where stories live. Discover now