Stand by Me. (18)🚫🚫

4.9K 308 13
                                    

"ရိပေါ် မင်းတို့ စာမေးပွဲနီးနေပြီမလား..."မနက်စာစားနေတုန်းမေးလာတဲ့ကောကြောင့် ခေါင်းကို အသာုငိမ့်ပြလိုက်ရတယ်....

"ဒီကိုလာပြီး စာကြည့်ရတာ အဆင်ပြေရဲ့လား....
မပြေရင်လဲ ကျောင်းမှာပဲ ပြန်နေလဲရတယ်...."

"ဟင့်အင်း...ကောမျက်နှာလေးကြည့်ပြီးစာလုပ်ရတာက စာပိုရတယ်...."

"မင်းငါ့ကို ဘူး နေတာနဲ့ စာထဲမှာ အာရုံစိုက်လို့မရပဲနေမှာစိုးလို့....."

"ဒါကတော့ကောကလဲ
စာမေးပွဲအတွက်အားရှိဖို့ moti ယူနေတာ...."

"အင်းပါ အဆင်ပြေရင်ပြီးရော....
ဒီလအတွက် မင်းအနားမှာ နေလို့ရအောင် ကော night duty တွေကို အခြားလူတွေနဲ့လဲထားတယ်...
ညဘက်တွေ မင်းကောဆီလာရင် တစ်ယောက်ထဲဖြစ်နေမှာစိုးလို့....."

"အဲ့တာတွေကြောင့် ကောကို အချစ်ပိုနေရတာ.."

"ကလေးစကားတွေ...."

"ကလေးလား လူကြီးလားခုထိမသိသေးဘူးလား..
ညဘက်တွေမှာ သက်သေပြတာ မလုံလောက်လို့ နေ့ဘက်တွေပါ သက်သေပြစေချင်တာလား...."

"အရူးကောင်...,စားပြီးရင်သွားတော့..
နောက်ကျနေလို့ လူမိသွားမယ်..."

"ဟုတ်ကဲ့ကော အားဆေးလေးပေးပါအုံး...."

"မွ......"အားဆေးလိုချင်တယ်ဆိုလို့ နှုတ်ခမ်းလေးကို ထိကပ်ရုံပဲ နမ်းလိုက်ပေမဲ့ သူ့ကိုပြန်နမ်းလာတဲ့ ရိပေါ်ကြောင့် အလိုက်သင့်လေးနေပေးရတယ်....
ပြင်းပျတဲ့ အနမ်းတွေနဲ့ရှေ့ဆက်တိုးဖို့ လုပ်နေတဲ့ ရိပေါ်ကြောင့် အတင်းတွန်းထုတ်ပြီးတားလိုက်ရတယ်....

"ဆက်နမ်းနေရင် မိုးလင်းတော့မယ်....
မတွေ့ရတော့မဲ့သူတွေကျလို့....စားရတဲ့ကလေး ပိုငတ်တယ်ဆိုတာ ဒါမျိုးကိုပြောတာ...."

"ကောကလဲ တစ်ခါပဲလေနော်...."

"မရဘူးနော်ရိပေါ်.....ညမှ အတိုးချယူတော့.... "

"ကောစကားနဲ့ကောနော်...."သူ့ကို ရာဇသံတွေပေးပြီး အပြေးတစ်ပိုင်းနဲ့ မှောင်ရိပ်ထဲကို တိုးဝင်ပျောက်ကွယ်သွားတဲ့ရိပေါ်....'(အရင်လို အုတ်တံတိုင်းကိုကျော်တက်ရအုံးမှာပဲပေါ့...)

Stand By Me. Where stories live. Discover now