Stand by Me. (6)

4.2K 413 13
                                    

"ရိပေါ်   ဘယ်မှာလဲငါ့တို့စားဖို့ငါးက"

"ကျန့်ကော ကိုသာမေးကြည့်တော့"

"ကိုကို ငါးတစ်ကောင်မှ မရခဲ့တာတော့မဟုတ်ဘူးမလား"

"ရိပေါ် ငရဲကြီးမှာ စိုးလို့ ပြန်လွှတ်ပေးလိုက်ပြီ"

"အဲ့တော့ ငါးမျှားချိတ် စူးထားပြီးသား ငါးတွေက ပြန်ရှင်လာရောတဲ့လား"

"​အဲ့တာကို သေချာမကြည့်တော့ဘူးလေ
ငါတို့လက်ထဲမှာ ရှင်ပြီးသားကို ရေထဲပြန်လွှတ်ပေးလိုက်တာ
ရေထဲရောက်မှ ရှင်တာသေတာက ငါတို့နဲ့မဆိုင်တော့ဘူး
အဲ့ငါးတွေလဲ ငါတို့လက်ထဲမှာသေတာမဟုတ်တာကြောင့်ငရဲလဲ မကြီးတော့ဘူး"

"သြော် ဟော်... မှတ်သားလောက်ပါတယ် ကိုကိုရယ်"ကျိရွှမ်းက မေးနေသလောက်ရိပေါ်ကတော့ ရှောင်ကျန့်ကိုမနိုင်လို့ သူလုပ်ချင်တာလုပ်ပါစေ လွှတ်ထားလိုက်တော့ဆိုတဲ့ပုံစံမျိုးနဲ့ မျက်ခုံးပင့်ပြတယ်
အဲ့ငါးတွေသေရတာ သူတို့ ပယောဂကြောင့်ဆိုတာကိုတော့ မပြောတော့ပါဘူးလေ
ကျန့်ကောစိတ်ချမ်းသာသလိုတွေးပါစေ

"အဲ့တော့ ကျွန်တော် မီးမွှေးထားတာ အလကားဖြစ်သွားပြီပေါ့
အဲ့လိုတော့ အဖြစ်မခံနိုင်ပါဘူး"

"ကျိရွှမ်း ဦးလေးကြီးကို သွားခေါ်....."နောက်လှည့်ကြည့်လိုက်တော့ ကိုယ်တော်ချောက မရှိတော့
ခုနလေးကတင် စကားပြောနေတုန်းကို
ဒီကောင်လေး မပြောမဆိုနဲ့ ဘယ်ထွက်သွားတယ်မသိ
ဦးလေးကြီးကို နေ့လည်စာစားဖို့သွားခေါ်ခိုင်းမလို့ပါဆို

ရိပေါ်ကို ကြည့်လိုက်တော့လဲ ခြုံတိုးဖို့ပြင်နေတာကြောင့် ဦးလေးကြီးကိုသွားခေါ်ဖို့တာဝန်သူပဲယူလိုက်ရတော့တယ်

သူပြန်လာတော့ ကျိရွှမ်းမွှေးထားတဲမီးဖိုပေါ်မှာ ငါးသုံးကောင်က သူ့ကို ပြုံးပြလို့
ဘေးမှာတော့ မင်းသားနှစ်ယောက်က ငါးတွေကို လှည့်ပတ်ကင်နေကြလေရဲ့

"ဒီငါးတွေ ဘယ်ကရတာလဲ"

"ရေထဲမှာသေနေတာတွေ့လို့ ဆယ်ယူထားတာ"

"ရိပေါ်  ခုန ငါတို့လွှတ်လိုက်တဲ့ငါးပုံစံနဲ့တူနေသလိုပဲနော်"

Stand By Me. Where stories live. Discover now