Stand by Me. (10)

4.1K 376 19
                                    

"သားတို့ရယ် ဘယ်တွေလျှောက်သွားနေကြတာလဲ
ဒီမှာ မားက မင်းတို့ကိုစောင့်နေတာ"

"ဟုတ်မား သားတို့က လဲ မားကြာနေလို့မားကို လိုက်ရှာနေကြတာ"

"ဟဲ့ မားပြောခဲ့တယ်လေ ကျောင်းအုပ်နဲ့သွားတွေ့မလို့ပါဆို
အဲ့ကိုလိုက်လာရင်ရတာပဲ"

"လိုက်လာတယ် လမ်းချင်းမတူလို့နေမယ်
သားတို့ရောက်တော့ မားက ကျောင်းအုပ်ရုံးခန်းထဲမှာ မရှိတော့ဘူး"

"အေးပါ တော်တို့ပြောတော့လဲ တော်တို့စကားပေါ့
ဒါနဲ့ သားကျန့် မင်းနှုတ်ခမ်းက ဘာဖြစ်တာလဲ"

"အာ မားအဲ့ဒါ ရေယုန် (Herpes )ပေါက်တာ"

"ဟဲ့ ချက်ချင်းကြီး
ခုနက မရှိပါဘူး...."

"သားပါးစပ်မှာ ရေယုန် ပေါက်နေကြပဲလေမားရာ
ဘာလဲ မားက သားနဲ့အနေဝေးနေလို့ သားဘာဖြစ်တတ်မှန်းတောင်မသိတော့ဘူးလား.."

"မဟုတ်ပါဘူးဟယ်
ငါတို့ရေယုန်စပေါက်ရင် အဲ့နေရာက ရဲလာပြီး အရည်ကြည်ဖုလေးတွေထလာတာ
နင့်ဟာက ပေါက်နေသလိုကြီးဖြစ်နေလို့"

"ကုတ်လိုက်လို့ သွေးစို့သွားတာပေါ့မားရ "မတတ်နိုင်
မားကို မုသာဝါဒကံ ကျူးလွန်ရလဲ ရှိစေတော့..
စောက်ကလေးက သူ့နှုတ်ခမ်းကို ကိုက်ထည့်လိုက်တာလို့ပြောလို့မှမရတာ
မားက သူတို့ကို ခုချိန်ထိ ဖြူဖြူစင်စင် ညီအကို လို့ထင်နေတုန်းကို....

"အေး အေး ဆေးအကြောင်းသိတဲ့သူကို ဘာဆေးလိမ်းလို့တော့ အကြံမပေးတော့ပါဘူး
ဆေးသေချာလိမ်းအုံးနော်
တော်ကြာ ပွားလာလိမ့်မယ်"

"ဟုတ်ကဲ့မား..... "ရိပေါ်မှာတော့ ရယ်ချင်စိတ်ကို မနည်းဖုံးဖိထားရတယ်
ဘယ့်နှယ့်ဗျာ သူများတွေဆို ပုရွက်ဆိတ်ကိုက်တာတို့ အပူကန်တာတို့ အဲ့လိုတွေပြောပြီး ညာတတ်ပေမဲ့ သူ့ကျန့်ကောကျမှ ရေယုန်ပေါက်တယ်လို့ပဲ
ကြံကြံ ဖန်ဖန်....

"အမလေး သားရိပေါ်တို့များ သူ့ကောနဲ့ပြန်အဆင်​ပြေသွားတော့ မျက်နှာပိုးကို သတ်လို့မရတော့ပါလား
သားတို့ အဲ့လိုပြေလည်နေတာကိုပဲမားကမြင်ချင်တာ
လာပါအုံး နှစ်ယောက်လုံး...."မားက သူတို့နှစ်ယောက်အလည်မှာ နေရာယူကာ ခါးတစ်ဖက်တစ်ချက်စီကို ဖက်ထားတော့တယ်

Stand By Me. Where stories live. Discover now